Ep_21

1.2K 42 5
                                    

" သားက ရှောင်းကျန့်ကိုနေကြာပန်းခင်းထဲကိုဓာတ်ပုံရိုက်ခိုင်းတယ်ပေါ့လေ "

မေမေကဘေးကနေထိုင်ပြီးလာ​ပြောတော့ ရိပေါ်လည်းခေါင်းညိမ့်ပြလိုက်တယ်။ထို့နောက်မေမေအမူရာကတစ်ခုခုကိုစိုးရိမ်ပူပန်သွားတာမျိုးဖြင့်ပြုမူကာ စားပွဲပေါ်တင်ထားတဲ့ရေခွက်ကိုယူသောက်ပြီးနောက်စကားပြောလာသည်။

" အမလေးငါ့သားရယ် ဓာတ်ပုံရိုက်ခိုင်းတာဟုတ်ပါပြီ။ဒါပေမယ့်အဲ့ကောင်လေးအပေါ်မှာနည်းနည်းသနားစိတ်ဝင်သွားလို့မရဘူးနော် မေမေအပေါ်ရောသားအပေါ်ရောဒီကောင်လေးကလုပ်ထားတာတွေကိုသားသိမှာပါနော်။ "

အမေမပြောလည်းသိတာပေါ့၊ရှောင်းကျန့်ဆိုတာကသူ့အတွက်ဒုက္ခပေးတဲ့ကောင်ဆိုးလေးဆိုတာကိုလည်းအမြဲဉီးနှောက်နဲ့မှတ်ထားပေါ့။သူ့ကြောင့်ပဲကိုယ်သေမလိုဖြစ်ခဲ့ပြီးပြီ၊ကံကောင်းလို့ရိပေါ်မသေတာ၊မဟုတ်ရင်တော့မတွေးရဲစရာပဲ~~~~အဲ့တော့ရိပေါ်ကဘာလို့အဲ့ကောင်လေးကိုကောင်းကောင်းမွန်မွန်ဆက်ဆံစရာအကြောင်းမရှိဘူး။ကိုယ်ကနည်းနည်းလေးအခွင့်ရေးပေးလိုက်တာနဲ့အကန့်တက်လာတာရယ်။

" အော် သားရဲ့သူငယ်ချင်းတွေကနေ့လည်တည်းကရောက်နေတာ သားကိုခြံဝန်းထဲမှာထိုင်စောင့်နေတာတဲ့ "

ဟုတ်သားပဲ အမေပြောမှသတိရသွားတယ်။ဒီနေ့သူ့ခြံဝန်းထဲမှာထိုင်ပြီးအဝသောက်စားမယ်လို့ပြောထားတာကိုမေ့ဖြစ်အောင်မေ့သွားသေးတယ်။ခြံဝန်းထဲသွားလိုက်မှ စားပွဲဝိုင်းပေါ်မှာအကင်တွေ၊အရက်တွေထားပြီးထိုင်ခုံတန်းပေါ်မှာစနစ်တကျထိုင်နေကြတဲ့သူငယ်ချင်းသုံးယောက်။နှာဘူးကောင်ရှန်းချိုးကတော့သူငယ်ချင်းတွေထဲမှာသူ့ကိုအခင်ဆုံးပဲလေ။ရှန်းချိုးနဲ့မူလတန်းတက်တည်းကရင်နှီးတာကို။

" သားကြီးကလည်းကွာ ကြာလိုက်တာ မင်းကိုစောင့်နေတာ နေ့လည်၂နာရီထိုးတည်းကပဲ အခုညနေ၆နာရီတောင်ထိုးနေပြီ "

" sorry ပါကွာ ငါလဲမေ့သွားတာ ငါလည်းမင်းတို့တွေကိုခဏစောင့်ခိုင်းတာကအလုပ်တွေမပြီးသေးလို့ အခုငါ့အလုပ်သင်အပ်ထားလိုက်တယ် "

ကိုယ့်ရဲ့ထာဝရနေမင်ကြီး  ( Completed ) Where stories live. Discover now