Ep_16

1.2K 65 0
                                    

ရုံးဆင်းလို့ဒေါ်လေးရှိတဲ့ဆေးရုံကို ကားမောင်းကာသွားလိုက်တယ်။ကားပါကင်မှာကားကိုထိုးရပ်ထားပြီးကားပေါ်ဆင်းကာ အထပ်ပေါင်းများစွာရှိတဲ့ဆေးရုံကြီးထဲဝင်သွားလိုက်တယ်။ဘိုးဘိုးဝမ်ကျိုးလင်တို့ကအခုဘယ်လောက်တောင်ချမ်းသာလဲဆိုရင် ကျောက်ရတနာကုမ္မဏီခွဲတွေ၊စိန်ရွှေဆိုင်ခွဲတွေ၊အခုဒေါ်လေးတက်နေတဲ့ဆေးရုံကလည်းဘိုးဘိုးအပိုင်တဲ့လေ။ဟိုတယ်ပါဖွင့်လှစ်ထားတာဆိုတော့ ဝမ်အိမ်တော်ရဲ့ပိုင်ဆိုင်မှုတွေကအင်မတန်မှများလှတယ်။အဲ့တာကြောင့်လည်းဒေါ်လေးချူးရင်ရင်ကိုဆေးရုံအုပ်ကြီးကအစကိုယ်တိုင်အထူးဂရုစိုက်ပေးနေတာကမဆန်းတော့ပါဘူးလေ။vipအခန်းကိုဘိုးဘိုးကိုယ်တိုင်ကအစပေးထားတော့ ရှောင်းကျန့် အရမ်းအားနားမိတယ်။ကူညီတာများနေပြီလေ ဟုတ်တယ်မလား။

ကုတင်ပေါ်မှာအိပ်ပျော်နေတဲ့ဒေါ်လေးကိုမမဖြစ်သူချူးမိန့်ကဆိုဖာပေါ်မှာဖုန်းကြည့်ကာထိုင်စောင့်ပေးနေတာမြင်တော့ရှောင်းကျန့်စိတ်မကောင်း။မမကအခုရက်ပိုင်းဆေးရုံမှာပဲအိပ်နေရတာဆိုတော့ တစ်ခါလောက်တော့ ရှောင်းကျန့်ကိုယ်တိုင်ဆေးရုံမှာစောင့်အိပ်ပေးမယ်ဆိုပြီး ဤဆေးရုံကိုလာခဲ့တာအမှန်။

" မမ သွားနားလိုက်ပါတော့ ဒီကကျန့်ကျန့်ညအိပ်စောင့်ပါမယ် "

" မဟုတ်တာ ကျန့်ကျန့်လေးရယ်။ "

" မမကလည်းဘာလို့အားနားနေတာလဲ? ကျန့်ကျန့်ကအဲ့တာတွေမကြိုက်တာ "

ဘေးမှာထိုင်နေတဲ့ကျန့်ကျန့်လေးကပြောပြီးတာနဲ့ ကလေးတစ်ယောက်လိုဆူပုတ်သွားတော့ ချူးမိန့်ပြုံးလိုက်မိတယ်။

အော် အရင်ကအမူအကျင့်လေးတွေကမပျောက်သေးပါလားကွယ်~~~~~~~

" အင်းပါ ဒါဆိုမမ သွားပြီနော် "

" ဟုတ်ကဲ့ ကျန့်ကျန့်ကဘိုးဘိုးကိုဆေးရုံမှာညအိပ်မယ်ဆိုတာပြောပြီးပြီမို့ ဝမ်အိမ်တော်မှာစိတ်ချလက်ချအိပ်လို့ရပါတယ် "

" အွန်းပါ အဲ့တာဆိုမမပြန်ပြီနော် ကျန့်ကျန့် "

" ဟုတ်ကဲ့ "

မမကလည်းပြန်သွားပြီဆိုတော့ဒေါ်လေးနိုးလာရင်ဒေါ်လေးအတွက်ဝယ်လာတဲ့ဆန်ပြုတ်ကိုပန်းကန်ထဲအဆင်သင့်ထည့်ပေးလိုက်ပြီးနောက် စားပွဲပေါ်ချထားလိုက်တယ်။မနက်တည်းကအကိုဝမ်ကမကျေနပ်ချက်တွေနဲ့တောက်လျှောက်ခိုင်းနေတာဆိုတော့ တစ်ကိုယ်လုံးမလှူပ်နိုင်တော့ဘူး။မြန်မြန်အိပ်ရမယ်ဆိုပြီးဆိုဖာပေါ်လှဲအိပ်လိုက်တယ်။

ကိုယ့်ရဲ့ထာဝရနေမင်ကြီး  ( Completed ) Where stories live. Discover now