Ep_13

1.1K 68 2
                                    

မနက်စောစောစီးစီးကြားလိုက်ရတဲ့သတင်းကြောင့် ဒေါ်စုယွဲ့ယွဲ့တစ်ယောက်နှလုံးရောဂါတောင်ရတော့မယ်။သတင်းကတော့သားဝမ်ကမူးမူးရူးရူးဖြင့်ကားမောင်းရင်းတိုက်မိသွားတာတဲ့လေ။ဘုရား ဘုရားရေ သားလေးဘာမှမဖြစ်ပါစေနဲ့လို့သာဆုတောင်းရမှာပဲ။ဒါတွေအကုန်လုံးကဟိုကောင်ဂြိုလ်ကောင်လေးရှောင်းကျန့်ကြောင့်ဖြစ်တာပဲ။အစကသူတို့အိမ်အေးအေးချမ်းချမ်းလေ၊ဒီကောင်လေးရောက်လာမှ ပွတ်လောတွေရိုက်၊ပြဿနာတွေနေ့တိုင်းဖြစ်နေတာ။အဖေဖြစ်သူကိုလည်းဒီကောင်လေးရှောင်းကျန့်ကိုဆက်ပြီးအိမ်ပေါ်မတင်ထားနိုင်ကြောင်းပြောပြတော့လည်းဖေဖေကလည်းစဉ်းစားမယ်ဆိုတာကြီးပဲလုပ်နေတာ။

အဖေကလည်းဒီကောင်လေးကိုတကယ်ကျအိမ်ပေါ်ဆက်မတင်ထားနိုင်ဘူးထင်မိတယ်။သူ့သူငယ်ချင်းရဲ့မြေးဆိုတော့အဖေကအားနားနေတာနေမှာ။ဟိုဂြိုလ်ကောင်လေးကိုသူ့သားကားတိုက်တယ်ဆိုတာပြောလိုက်တော့အမယ် မျက်ရည်ချူပြနေတာ။

ဟင် ကိုကိုကားတိုက်တယ်တဲ့လားဆိုပြီးဒေါ်စုယွဲ့ယွဲ့ရှေ့ငိုပြနေတာက~~~~ကျက်သရေကိုမရှိဘူး။

အဟွန့် အမလေးဟန်ပန်မူရာတွေ။

" ဟဲ့ နင်ကြောင့်ဒါတွေအကုန်လုံးဖြစ်ရတာ နင်အိမ်မှာရှိနေလို့ "

ပြောနေတုန်းရှိသေးငိုရင်းအပြင်ဘက်ထွက်သွားတာကြောင့်ဒေါ်စုယွဲ့ယွဲ့စိတ်တိုတိုဖြင့်သက်ပြင်းချမိတယ်။ဘယ်လိုဟာလေးလဲ?အဒေါ်ကဆုံးမနေရင် နားမထောင်ချင်လို့အပြင်ဘက်ထွက်ပြေးတာတဲ့လေ။အေးလေ အမှန်တရားကိုသူလက်မခံနိုင်လို့လေထွက်ပြေးတာနေမှာပေါ့။

" ဘိုးဘိုး အဟင့် ကိုကိုက တကယ် တကယ် မဟုတ်ဘူးလားဟင် ! "

ဘိုးဘိုးကိုအပြင်မှာတွေ့လို့ဘိုးဘိုးဆီသွားပြီးမေးတော့ဘိုးဘိုးကဘာမှမပြောပဲသက်ပြင်းပဲချနေတော့ ကျန့်ကျန့် ဆက်တိုက်ငိုနေမိတယ်။ဘိုးဘိုးဘာလို့တိတ်နေရတာလဲ?အမှန်ပြောရမယ်လေ။

" သားကျန့် အဆင်ပြေရဲ့လား "

မြေကြီးပေါ်ထိုင်ချပြီးရှောင်းကျန့်ကဆက်တိုက်ငိုနေတော့ဝမ်ကျိုးလင်လည်းဘယ်လိုပြောရမှာလဲမသိတော့ဘူး။

ကိုယ့်ရဲ့ထာဝရနေမင်ကြီး  ( Completed ) Where stories live. Discover now