Ep_12

1.1K 63 5
                                    


မနေ့ကကိစ္စနဲ့ပတ်သတ်ပြီးကိုကိုကကျန့်ကျန့်ကိုအခုချိန်ထိအဖက်လဲမလုပ်သလို၊ကျန့်ကျန့်ကိုမြင်တာနဲ့တန်းပြီးရှောင်ထွက်သွားတော့ ကျန့်ကျန့်တကယ်အဆင်မပြေဘူး။ကျန်တဲ့သူတွေကသာကျန့်ကျန့်ကိုအဖက်မလုပ်၊မခေါ်မပြောလို့လည်းကိစ္စမရှိပါဘူးရပါတယ်၊ဒါပေမယ့်ကိုကိုကအဖက်မလုပ်၊မခေါ်မပြောရင်ကျန့်ကျန့်တကယ်မနေတက်ဘူး။နေရထိုင်ရတာလည်းအဆင်မပြေဘူး။

ကျန့်ကျန့်ကကျောင်းကနေအိမ်ကိုပြန်လာတဲ့အချိန်ထိကိုကိုကမရောက်လာခဲ့ဘူး။အိမ်မှာလည်းဘယ်သူမှမရှိဘူး။အိမ်ကလူတွေကလည်းအပြင်သွားတယ်ဆိုတော့ကိုကိုနဲ့နှစ်ယောက်တည်းရယ်။

တီ တီ တီ

ညနေ၆နာရီထိုးမှကားဟွန်းသံကြားတော့ စာလုပ်ရာကနေချက်ချင်းရပ်ပြီးအောက်ဆင်းကာကြည့်လာတော့မှကိုကို့ကားဖြစ်နေသည်ရယ်။ကိုကိုကမူးရူးပြီးလမ်းကိုယိုင်တိုင်တိုင်လျှောက်လာတော့ ကိုကိုအနားသွားကာကူတွဲပေးလိုက်တယ်။

ကိုကိုအနားကလည်းအရက်အနံမွှန်းထူနေတာပဲ။

ဘာလို့များအဲ့လောက်အရက်အများကြီးသောက်လာရတာလဲကိုကိုရယ်။

ကိုကိုကူတွဲပေးပြီးနောက်ကိုကိုအခန်းထဲပို့လိုက်တယ်။ကိုကို့ခန္ဓာကိုယ်ကြီးကတော်တော်လေးအားသန်တော့ ကျန့်ကျန့်မှာကိုကို့ကိုအိပ်ယာပေါ်မနည်းကူတွဲတင်ပေးလိုက်ရတယ်။

ကိုကိုကမူးတယ်ဆိုပေမယ့်အသိစိတ်ရှိသေးတယ်ထင်ပါရဲ့။ကိုယ့်ကိုမြင်တော့ကိုကိုကလန့်သွားတာ၊

" မင်းဘာလို့ငါ့အခန်းထဲဝင်လာတာလဲ ငါမူးရူးနေတာ မင်းကိုတစ်ခုခုလုပ်မိမှာမတွေးဘူးလား ဟမ် အသိဉာဏ်မရှိဘူးလား "

" အသိဉာဏ်ရှိတယ်ကိုကို။ကိုကိုကကျန့်ကျန့်ကိုတစ်ခုခုမကောင်းတာလုပ်လို့ကျန့်ကျန့်ကဝမ်းမနည်းဘူး ပျော်ပျော်ကြီးကျေကျေနပ်နပ်နဲ့လက်ခံပေးမှာကိုကို "

" ရှောင်းကျန့် မင်းဘယ်လိုလူမျိုးလဲ? ဘာလို့အဲ့လိုစကားထွက်ရဲတာလဲ ? "

" ကျန့်ကျန့်ကကိုကို့ကိုချစ်လို့သာအဲ့လိုစကားထွက်ရဲတာပါ ကိုကိုရယ် နော် ကျန့်ကျန့်ကိုအပိုင်သိမ်းလိုက်စမ်းပါ "

ကိုယ့်ရဲ့ထာဝရနေမင်ကြီး  ( Completed ) Where stories live. Discover now