Ep_30

1.3K 56 4
                                    


စုယွဲ့ယွဲ့နေမကောင်းတည်းကရှောင်းကျန့်ကသေချာပြုစုပြီးစောင့်ရှောက်ပေးတည်းကရှောင်းကျန့်ကိုတော်တော်လိမ္မာတာပဲဟုတွေးမိသည်။ဖေဖေကလည်းကျန်းမားရေးကောင်းသွားပြီးဆိုတည်းက သူမစိတ်ကျေနပ်ရတော့သည်။အခုအိမ်တော်ထဲမှာဖေဖေနဲ့အတူထိုင်ပြီးရှောင်းကျန့်အကြောင်းပြောနေတော့ဖေဖေကလည်းခေါင်းတစ်ညိမ့်ညိမ့်လက်ခံလာတယ်။ဖေဖေကရေနွေးကြမ်းတစ်ငုံသောက်ကာ ပြန်ပြောလာသည်။

" ဟုတ်တာပေါ့ သမီး၊ရှောင်းကျန့်ကအရမ်းလိမ္မာလာတာ၊ကဲ ဘယ်လိုလဲဖေဖေပြောတာယုံပြီလား? "

" ယုံပါပြီဖေဖေ။ဒါပေမယ့် ရိပေါ်ကရှောင်းကျန့်ကိုစိတ်ဆိုးနေတယ်ထင်တယ် "

" သမီးကဘာလို့အဲ့လိုထင်တာလဲ? "

" ရှောင်းကျန့်အကြောင်းပြောပြီဆိုထွက်သွားတာလေ၊ဘာမှလည်းဝင်​မပြောဘူး၊ဆေးရုံမှာလည်းရှောင်းကျန့်ကိုတစ်ချက်တောင်မကြည့်ဘူး "

အွန်းးးးဟုတ်တယ်။သမီးပြောသလိုပဲ၊မြေးရိပေါ်ကရှောင်းကျန့်အကြောင်းပြောပြီဆိုခဏခဏထွက်သွားတာပဲ၊ပြီးတော့ဒီရက်ပိုင်းအလုပ်လည်းသိပ်မသွားဘူး၊သူ့ညီဝမ်ရိချန်းကိုပဲအလုပ်သွားခိုင်းနေတာ၊ဘာများဖြစ်တာလဲမသိဘူး။ဘာပဲပြောပြောရိပေါ်ကရှောင်းကျန့်ကိုရှောင်နေတာဆိုတော့ ကိုယ်တွေကပဲရှောင်းကျန့်နဲ့တွေ့အောင်ပြန်စီစဉ်ပေးရမှာပဲလေ။​

" မမလေးချူးမိန့်ရောက်လာပါတယ် "

ချူးမိန့်ကဖေးမင်စစ်လက်ကလေးတွဲပြီးအိမ်တော်ထဲဝင်လာတော့ စုယွဲ့ယွဲ့စိတ်ထဲဒီနှစ်ယောက်မဟုတ်မှလွဲရော....ကိုယ်အတွေးနဲ့ကိုယ်တွေးပြီးထိုနှစ်ယောက်ကိုအကဲခက်ကြည့်နေတုန်း ချူးမိန့်ကစပြောလာသည်။

" ဖိတ်စာလာပေးတာပါ "

" ဘာဖိတ်စာလဲသမီး ? "

" ဟိုလေ သမီးနဲ့ဖေးမင်စစ်ရဲ့မင်္ဂလာဆောင်ပွဲပါ "

" ဘုရားရေ ! တကယ်ကြီးလား? အမလေး အဲ့တာကြောင့်ရှင့်တို့နှစ်ယောက်လက်တွဲပြီးဝင်လာတည်းကကျွန်မစိတ်ထဲထင်နေမိသား "

"  တွဲတာတော့မကြာသေးဘူး ဒါပေမယ့်သမီးတို့လည်းသိပ်မငယ်တော့ဘူးလေအဲ့တာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်လိုက်တာပါ "

ကိုယ့်ရဲ့ထာဝရနေမင်ကြီး  ( Completed ) Where stories live. Discover now