Ep_6

1.3K 80 4
                                    


ဟုတ်တယ် ရှောင်းကျန့် ထပ်ကြိုးစားကြည့်ရမယ်၊ဆိုကာတွေးတောရင်း ထမင်းစားနေရင်းဘေးမှာထိုင်နေတဲ့အတန်းဖော်အနားကိုတိုးလိုက်တော့ မျက်စောင်းထိုးကြည့်ပြီး ထသွားတဲ့အတန်းဖော်ကြောင့် ရှောင်းကျန့်စိတ်ထဲကနေပြောမိသည်။

မထိုင်ချင်လဲနေပေါ့ သဘော~~~~~~~~~

" အ့ "

ထမင်းစားချင်စိတ်မရှိလို့လမ်းလျှောက်နေတုန်း ခြေထိုးလိုက်သောအတန်းဖော်ကြောင့် ကြမ်းပြင်ပေါ် ရှောင်းကျန့်လဲကျသွားရတယ်။

ကန်းတင်းမှာထမင်းထိုင်စားနေသောအတန်းဖော်တွေကလည်းကိုယ်လဲကျတာကိုမြင်တော့ ဝိုင်းလှောင်းကာရယ်မောနေတော့ ရှောင်းကျန့် သည်းမခံနိုင်ဘူး။စိတ်ကိုအကောင်းဆုံးလျှော့ထားပေးမယ့်၊
ကိုယ့်ကိုဝိုင်းလှောင်ရယ်ရင်က အလိုလိုဒေါသတွေထွက်ပြီးမခံချင်စိတ်တွေဖြစ်လာတာ။

ကျန့်ကျန့်ကို ဒါမျိုးဘယ်လိုလုပ်ရမလဲ?

တွေ့ကြတာပေါ့။

ချက်ချင်းမတ်တပ်ရပ်ပြီးကိုယ့်ကိုခြေထိုးလိုက်တဲ့အတန်းဖော်ရဲ့မျက်နှာပေါက်ကိုကြည့်လိုက်တော့ ဝက်ခြံအပြည့်နဲ့မိန်းကလေးတစ်ဉီး။သူဘေးကသူငယ်ချင်းတွေကလည်း ရယ်နေတာမပျက်တော့ ရှောင်းကျန့်က စားပွဲပေါ်မှာတင်ထားတဲ့ဟင်းရည်ကိုယူလိုက်ပြီး သူ့ကိုခြေထိုးအောင်လုပ်တဲ့မိန်းကလေးရဲ့ခေါင်းပေါ်ဟင်းရည်တွေအကုန်လုံးကိုလောင်းချပစ်လိုက်သည်။

ဟင်းရည်လောင်းချပေးလိုက်တော့ ထိုမိန်းကလေးက ထိုင်ရာနေကထပြီးအသံဆိုးဝါးစွာဖြင့်အော်လာတယ်။ထို့နောက် လက်ညိုးထိုးပြီးဒေါသတစ်ကြီးပြောလာတဲ့အတန်းဖော်မိန်းကလေး။

" နင်ဘာလုပ်တာလဲ !!! "

" မမြင်ဘူးလား နင့်ခေါင်းပေါ်ဟင်းရည်လောင်းချတာလေ "

" ငါနင်ကိုဘာလုပ်လို့ နင်က "

ထိုအတန်းဖော်မိန်းကလေးပြောနေတုန်း ရှောင်းကျန့်ကပိုပြီးအသံကျယ်ကျယ်ဖြင့်အော်ပြောတော့ ထိုမိန်းကလေးကပြောရင်းတန်းလန်းရပ်သွားကာ ကြောင်ကြည့်နေတယ်။

ကိုယ့်ရဲ့ထာဝရနေမင်ကြီး  ( Completed ) Where stories live. Discover now