Ep_8

1.2K 71 1
                                    


မနေ့ညတည်းကဖေဖေနဲ့ဘိုးဘိုးကပြန်မရောက်လို့ ချူးမိန့်စိတ်ပူနေမိတယ်။ဖုန်းခေါ်တော့လည်း စိတ်ပိတ်ထားပါသည်တဲ့လေ။မေမေကလည်းဘာမှမဖြစ်ပါဘူးလို့ပြောနေပေမယ့် သူမစိတ်ထဲမှာတော့တစ်မျိုးကြီးရယ်။

တီ တီ တီ~~~~~~~

ဖုန်းကမြည်းလာတော့ဖေဖေများလာဆိုပြီး ကိုင်လိုက်တော့ ဖေဖေမဟုတ်ပဲ ရိပေါ်ရဲ့ဘိုးဘိုးဝမ်ကျိုးလင်ဆီကဖုန်းဖြစ်နေသည်။

မနက်စောစောကြီးဘာလုပ်ဖုန်းဆက်တာလဲဆိုတာသိချင်လို့ ဘိုးဘိုးဝမ်ကျိုးလင်ပြောမယ့်စကားကိုနားထောင်နေလိုက်တယ်။ဘိုးဘိုးဝမ်ကျိုးလင်စကားကြောင့် ချူးမိန့်တုန်လှုပ်သွားမိတယ်။

ဘိုးဘိုးပြောတာက ဖေဖေနဲ့ဘိုးဘိုးကကားတိုက်ပြီးဆုံးသွားတဲ့လေ။

ပထမဆုံးစိတ်ပူမိတာကရှောင်းကျန့်ကိုပါပဲ။ရှောင်းကျန့်ကသာဖေဖေဆုံးတယ်ဆိုတဲ့သတင်းသိသွားရင် ရှောင်းကျန့်လေး တစ်ခုခုဖြစ်သွားမှာ။ရှောင်းကျန့်ကဖေဖေနဲ့ငယ်ငယ်လေးတည်းကအတူတူနေလာတာလေ၊ဖေဖေဆုံးပြီးလို့အမှန်တိုင်းပြောရင် ရှောင်းကျန့်ကတအားငိုနေရှာမှာ။

ရှောင်းကျန့်နဲ့အတူတစ်အိမ်ထဲနေလာတာမကြာသေးဘူးဆိုပေမယ့်ရှောင်းကျန့်အကြောင်းကိုအမဖြစ်သူချူးမိန့်ကအသိဆုံးပါပဲ။

ဒီကိစ္စကိုရှောင်းကျန့်မသိအောင်လျှိုဝှက်ထားပေးပါကြောင်းပြောတော့ ဘိုးဘိုးဝမ်ကျိုးလင်က လျှိုဝှက်ပေးမယ်ဆိုမှ စိတ်အေးရတယ်။ဖုန်းချပြီးတော့ ဆိုဖာမှာထိုင်နေတဲ့မေမေကိုကြည့်လိုက်မိတယ်။

ချုးမိန့်ဖုန်းပြောပြီးတော့မေမေကဘာတဲ့လဲဆိုပြီးမေးလာတော့ လျှိုဝှက်မထားတော့ပဲအမှန်တိုင်းပြောလိုက်တော့ မေမေကစိတ်ပျက်စွာဖြင့် ထိုင်ချသည်။

မေမေကရုတ်တစ်ရက်ဆိုသလိုထငိုလာတော့
ချူးမိန့်မှာ ဖက်ပြီးနှစ်သိမ့်ပေးရုံသာ။
_____________________________

ဒေါက် ဒေါက်
ဒေါက် ဒေါက်

အခန်းတံခါးကိုလေးကြိမ်လောက်ခေါက်လာလည်း မွေ့ယာပေါ်မှာစောင်ကိုခေါင်မူးခြုံကာအိပ်နေတဲ့ရှောင်းကျန့်ကတော့ " ဘယ်သူလဲ " ဆိုပြီးတော့
အိပ်ချင်မူးတူးအသံဖြင့်ပြောလာသည်။

ကိုယ့်ရဲ့ထာဝရနေမင်ကြီး  ( Completed ) Where stories live. Discover now