Ep_32 Final

1.9K 46 3
                                    


" မွေးပြီ မွေးပြီ ! "

ခွဲခန်းထဲကနေပြေးထွက်လာတဲ့ဆရာမစကား
ကြောင့်ရိပေါ်အရမ်းပျော်ရွှင်သွားရတယ်။မိန်းကလေးလား၊ယောင်္ကျားလေးဆိုတာသိချင်လို့ စိတ်လှုပ်ရှားစွာဖြင့်ဆရာမကိုမေးခွန်းအမြန်ထုတ်မေးလိုက်တယ်။

" ယောင်္ကျားလေးလား မိန်းကလေးလား "

" ယောင်္ကျားလေးပါ ဖြူဖြူချောချောလေး "

" ကျွန်တော်ရဲ့ရှောင်းကျန့်ရောဘယ်လိုနေလဲ အဆင်ပြေရဲ့လား "

" အမလေး စိတ်ပူတာရပ်ပါတော့ပါရှင် ကျွန်မတို့တွေအောင်မြင်စွာမွေးပေးတာမို့ နှစ်ယောက်စလုံးဘာမှမဖြစ်ပါဘူး ဘေးကင်ပါတယ် "

နှစ်ယောက်စလုံးဘေးကင်ပါတယ်ဆိုတဲ့စကားကြားလိုက်မှရိပေါ်ရင်ထဲကအလုံကြီးကြီးကျသွားရတော့တယ်။။ဟူးးးးတော်ပါသေးရဲ့ ကလေးကဘေးကင်းပြီး ရှောင်းကျန့်ကသာတစ်ခုခုဖြစ်သွားတယ်ဆို ~~~~ မတွေးရဲစရာ။မေမေကလည်းမြေးချီရမယ်ဆိုတော့ ဝမ်းသာအားရစွာဖြင့် ​" ငါ့မြေးချီရပြီ " ဟုခဏခဏပြောနေတော့ ရိပေါ်မှာ အမေကိုကြည့်ရင်းပြုံးလိုက်မိတယ်။

________________________

" ဖေသားလေး ! ! "

မွေးကင်စကလေးလေးကိုရင်ခွင်ထဲမှာထည့်ပိုက်ထားရင်းစကားတွေပြောနေတဲ့ဝမ်ရိပေါ်ကိုကြည့်ရင်းရှောင်းကျန့်ကျေနပ်မိတယ်။အဖေကအခုမှလူလောကထဲရောက်လာတဲ့ကလေးလေးကိုတော်တော်လေးချစ်ပြနေတော့ ရှောင်းကျန့်စိတ်ထဲမေးခွန်းတစ်ခုကိုမေးချင်လာမိတယ်။ထိုမေးခွန်းကအွန်းးးးးဘာလဲဆိုတော့ မေးမယ်ဆိုပြီးတွေးကာ ဝမ်ရိပေါ်ကိုစမေးလိုက်တော့သည်။

" မေးစရာရှိတယ် အကိုမှန်မှန်ဖြေ "

အကိုဝမ်ရိပေါ်ကကလေးလေးကိုရင်ခွင်ထဲပိုက်ထည့်ရင်းဆေးရုံကုတင်ပေါ်မှာထိုင်နေသောရှောင်းကျန့်ကိုကြည့်ကာ ပြန်ပြောတယ်။

" မေး "

" ဘယ်သူကိုပိုချစ်တာလဲ? ကျန့်ကျန့်ကိုလား? ကလေးလေးကိုလား "

အကိုဝမ်ကလေးကိုရင်ခွင်ထဲပိုက်လျှက်ဖြင့်ကျန့်
ကျန့်အနားလျှောက်လှမ်းလာသည်။ထို့နောက်ကျန့်ကျန့်ဘေးဝင်ထိုင်ကာ ကျန့်ကျန့်ရဲ့ပါးတစ်ဖက်ကိုလက်တစ်ဖြင့်အုပ်ကိုင်ရင်း ပြန်ပြောတယ်။

You've reached the end of published parts.

⏰ Last updated: May 10 ⏰

Add this story to your Library to get notified about new parts!

ကိုယ့်ရဲ့ထာဝရနေမင်ကြီး  ( Completed ) Where stories live. Discover now