Ep_10

1.4K 68 3
                                    


အမလေး အစကတော့ဒီကောင်လေးအသက်၇နှစ်အရွယ်ထဲမှာအမေကပစ်သွားတော့အဖေဖြစ်သူကပဲစောင့်ရှောက်ထားရတာဆိုတော့သူမမှာတော့သနားလိုက်ရတာ။ပထမကတော့ဒီကောင်လေးဆိုးသွမ်းတယ်ကြားတော့"အော်အမေလုပ်သူကပစ်သွားတာအခုလိုဒီကောင်လေးကိုဆိုးသွမ်းနေတာကိုအပြစ်မတင်ရက်ပါဘူးလေ " ဆိုပြီးစိတ်လျှော့ထားရတာ။

အခုဒီကောင်လေးကကိုယ့်ကိုအစေခံတွေရှေ့မှာမထိလေးစား၊မခန့်လေးစားလုပ်ပြီးပတ်ခနဲပြန်ပြောသွားတာများ၊လုံးဝသည်းမခံနိုင်တော့ဘူး။ဘယ်နှယ့်တော် ဧည့်သည်ကဧည့်သည်လိုမနေဘူး။ဒီကောင်လေးကလူတကာရဲ့ချဉ်ဖက်ဖြစ်နေတာလည်းမဆန်းပါဘူး။အဲ့တာကြောင့်လည်းသူ့ကိုဘယ်သူမှအပေါင်းသင်းမလုပ်ကြတာလေ။

ဒေါ်စုယွဲ့ယွဲ့ရဲ့အရင်စိတ်နဲ့ဆိုမလွယ်ဘူး။စိတ်လျှော့ပြီးပညာပြရမယ်။

" သခင်မစုယွဲ့ မြင်တယ်မလား သခင်မလေးကိုမခန့်လေးစားပြန်ပြောသွားတာ !!! "

ချိုးချိုးကဝင်ပြောလာတော့စုယွဲ့ယွဲ့ကလက်ကိုတင်းတင်းကျပ်ဆုပ်ပြီးစိတ်ထဲမှာတော့ဒေါသတွေအပုံလိုက်ကြီး။အဟက် ကောင်းပြီလေတွေ့ကြတာပေါ့ဒင်းနဲ့တော့။ဒင်းကဒီလိုအချိုးချိုးတော့ သူမလည်းအရင်ကအကွက်တွေထုတ်ပြရတာပေါ့။

သားလေးဝမ်ကလည်းအစောကလည်း မေမေရယ်မပြောပါနဲ့သနားပါတယ်ဆိုပြီးဒီကောင်လေးကိုကာကွယ်ပြီးပြောနေတော့ ဒေါသမထွက်ချင်ယောင်ဆောင်ရတယ်။အခုတော့ငါ့သားကအပြင်သွားတာဆိုတော့ နင့်ကိုပညာကောင်းကောင်းပြမယ် ရှောင်းကျန့်။ကိုယ့်အကြံနဲ့ကိုယ်တွေးရင်းကောင်းကောင်းကြီးပြုံးပျော်နေတုန်းကြမ်းပြင်အောက်မှာထိုင်နေတဲ့အဒေါ်ကြီးချင့်ချိုးက" ဘာတွေများပြုံးနေတာလဲ " မေးလာလို့ အဒေါ်ကြီးချင့်ချိုးရဲ့ နား နားလေးကပ်ပြောပြတော့ ဒေါ်ကြီးချင့်ချိုးကလည်း အဟိဆိုပြီးပျော်နေသည်။

သူ့တူမချင့်ချိုးက"ဒေါ်လေးသမီးရောပြောလေ " ဆိုတော့ဒေါ်လေးကပြောလိုက်ရမလားဆိုပြီးကိုယ့်ကိုကြည့်လာတာကြောင့်​ခေါင်းညိမ့်ပြလိုက်တယ်။ထိုအခါမှဒေါ်လေးချိုးချိုးကသူ့တူမနား နားကပ်ကာပြန်ပြောတယ်။တူမဖြစ်သူကလည်းကြိတ်ပြီးရီနေတော့တယ်။

ကိုယ့်ရဲ့ထာဝရနေမင်ကြီး  ( Completed ) Where stories live. Discover now