မနက်တုန်းကလည်းကျန့်ကျန့်ကထမင်းသိပ်မစားပဲထွက်သွားတာဆိုတော့အခုနေ့လည်လောက်ကျရှောင်းကျန့်ဗိုက်တအားဆာနေလောက်ပြီဆိုတဲ့စိတ်ကလေးဝင်လာတော့ဝမ်ရိချန်းကရှောင်းကျန့်စားဖို့မတွက်ဆိုပြီးခေါက်ဆွဲဘူးပြုတ်ပေးကာ၊စတော်ဘယ်ရီအအေးလေးပါကိုယ်တိုင်ဖျော်ပေးခဲ့ကာ၊မှန်ရှေ့မှာရပ်နေတဲ့ကိုယ်ကိုယ့်ကိုယ်တစ်ချက်ကြည့်ပြီးမှ ရှောင်းကျန့်ရှိရာအိမ်သို့ထွက်လာခဲ့လိုက်တယ်။
အိမ်တံခါးမခေါက်ပဲအကိုပါဟုအော်ပြောတဲ့အခါ ကျန့်ကျန့်ကအခန်းတံခါးဖွင့်ပေးလာတယ်။သူ့လက်ထဲမှာကိုင်ထားတဲ့ခေါက်ဆွဲဘူးနဲ့စတော်ဘယ်ရီအအေးခွက်လေးကိုကြည့်ပြီး " ကျန့်ကျန့် အတွက်လား " ဟုဆိုကာကျန့်ကျန့်ကမေးလာလို့ ဝမ်ရိချန်းကပြုံးပြကာခေါင်းညိမ့်ပြလိုက်တော့ ကျန့်ကျန့်ကခေါက်ဆွဲဘူးနဲ့စတော်ဘယ်ရီအအေးကိုယူပြီး အိမ်ထဲဝင်ခိုင်းတယ်။ဆိုဖာခုံပေါ်နှစ်ယောက်တူတူထိုင်
ကာ ကျန့်ကျန့်ကခေါက်ဆွဲဘူးစားလိုက်၊စတော်ဘယ်ရီအအေးသောက်လိုက်နဲ့ ဇိမ်ပဲ၊ဝမ်ရိချန်းကတော့ ကျန့်ကျန့်ကိုတစ်စိမ့်စိမ့်ပြုံးပြုံးလေးထိုင်ကြည့်နေတာကို ကျန့်ကျန့်ကတော့သတိမထားမိပေ။" ကောင်းလိုက်တာ အကို "
" ကြိုက်လား "
ကြိုက်လားလို့မေးတော့ကျန့်ကျန့်ကစားရင်းခေါင်းညိမ့်ပြလာတယ်။
ကိုယ်ကိုယ့်ကိုယ်စိတ်ထဲကနေ " ဒီအချိန်ကကျန့်ကျန့်ကိုဖွင့်ပြောဖို့အကောင်းဆုံးအချိန်ပဲ " ဟု အားပေးရင်း စကားစပြောဖို့ကြံလိုက်သည်။
" ကိုယ်လေ ပြောစရာရှိတယ် "
ပြောစရာရှိတယ်လို့ပြောတော့ကျန့်ကျန့်ကစားရင်းကနေရပ်ပြီး ဝမ်ရိချန်းဘက်လှည့်ကြည့်ကာ ကျန့်ကျန့်ကပြောလေဆိုပြီးမျက်နှာဖြင့်ကြည့်လာတော့ ဝမ်ရိချန်းလည်းဤအခွင့်အရေးကိုလက်လွှတ်မခံပဲ စပြောခါနီး~~~~
ဘုန်းခနဲဆိုပြီးအခန်းတံခါးကိုဖွင့်ကာဝင်လာတဲ့ဝမ်ရိချန်းရဲ့အကိုဝမ်ရိပေါ်ကြောင့်ပြောဖို့စကားတွေကသိမ်းထားလိုက်ရဆဲနီးပါး~~~~~~