Ep_28

1.3K 58 4
                                    


ဘိုးဘိုးနေမကောင်းဘူးဆိုတော့သတင်းကြားလို့ကျန့်ကျန့်နဲ့မေမေရယ်၊မမချူးမိန့်နဲ့အတူဝမ်အိမ်တော်ကိုရောက်လာခဲ့သည်။ဒေါ်လေးကိုတော့အိမ်စောင့်ဖို့ဆိုပြီးမမပြောသလိုထားခဲ့လိုက်တယ်။ဘိုးဘိုးကမေမေကိုတွေ့ချင်ပါတယ်ဆိုတော့ ကျန့်ကျန့်နဲ့မမကအောက်မှာထိုင်စောင့်ပြီး မေမေကတော့ဘိုးဘိုးအခန်းရှိရာအပေါ်ကိုတက်သွားသည်။

" ကျန့်ကျန့် ! "

ခေါ်သံကြားရာကြောင့်အနောက်ကိုလှည့်ကြည့်လိုက်တော့အကိုရိချန်း~~~~အကိုရိချန်းကကျန့်ကျန့်ဘေးဝင်ထိုင်ကာ စကားစပြောလာတယ်။

" အခုတစ်လောအဆင်ပြေရဲ့လား ကျန့်ကျန့် "

" ကျန့်ကျန့်အဆင်ပြေပါတယ် အကိုရိချန်း "

" မင်း အကိုရိပေါ်ကိုအဖြေပေးလိုက်ပြီလား ? "

အယ်ဆိုပြီးမမချူးမိန့်က​အံ့ဩသလိုကြည့်လာတော့ အလယ်မှာထိုင်နေတဲ့ကျန့်ကျန့်ကပဲမမကိုခေါင်းခါပြီးအသည်းသန်းငြင်းပြီးပြန်ရှင်းပြလိုက်ရသည်။

" မဟုတ်ဘူးနော် မမ ! ဟို ကျန့်ကျန့်ကအဖြေမပေးရသေးပါဘူး "

" မမကလည်းဘာမှမပြောရသေးတာ ကျန့်ကျန့်ကသာအသည်းသန်းငြင်းနေတာ "

" မမနော် ~~~~ "

" ကျန့်ကျန့် ကိုကိုနဲ့လိုက်ခဲ့ "

အကိုရိပေါ်ကထိုင်နေတဲ့ကျန့်ကျန့်လက်ကိုဆွဲပြီးခေါ်သွားတော့တာပဲ။ဆိုဖာပေါ်မှာထိုင်လျှက်ဖြင့်ကျန်ခဲ့တာဆိုလို့ချူးမိန့်နဲ့ဝမ်ရိချန်းပဲကျန်ခဲ့သည်။နှစ်ယောက်စလုံးကလည်းကြောင်တောင်တောင်ဖြစ်ကာရိပေါ်နဲ့ရှောင်းကျန့်ထွက်သွားတဲ့အထိငေးကြည့်မိသည်။

ကျန့်ကျန့်ကိုနေကြာပန်းခင်းထဲခေါ်သွားကာ ကျန့်
ကျန့်ပခုံးနှစ်ဖက်ကိုအကိုဝမ်ကသူ့လက်နှစ်ဖက်စလုံးဖြင့်အသာလေးဆုပ်ကိုင်ထားရင်း စကားပြောလာသည်။

" ကိုကို့ကိုအဖြေပေးတော့လေ ကျန့်ကျန့် "

" ကျန့်ကျန့်စဉ်းစားမယ်လို့ပြော အွန့် "

ပြောနေတုန်းအကိုဝမ်ကကျန့်ကျန့်နှုတ်ခမ်းကိုပြွတ်ခနဲဆိုပြီးလာနမ်းတော့ ရင်တွေကလည်းခုန်၊ရှက်လည်းရှက်လာရတယ်။ရှက်ရှက်ဖြင့်အကို့ဝမ်ပခုံးကိုလက်ကလေးဖြင့်လှမ်းရိုက်ကာ ပြန်ပြောလိုက်တယ်။

ကိုယ့်ရဲ့ထာဝရနေမင်ကြီး  ( Completed ) Where stories live. Discover now