Ep_4

1.4K 84 3
                                    


ချူးမိန့်ကအခန်းထဲလာပီဆိုရင်ယောင်္ကျားလေးတွေအကုန်လုံးငေးမောကြသည်။ချူးမိန့်ကသပ်ရပ်တယ်၊လှတယ်၊စကားပြောလည်းသိမ့်မွေ့တယ်၊ဝတ်တာစားလေးကကျက်သရေရှိတော့ ယောင်္ကျားလေးတွေကြားမှာနာမည်ကြီး။

ရိပေါ်တို့အဖွဲ့ထဲသူငယ်ချင်းအသစ်တိုးလာပြန်ပြီ။ထိုသူကချူးမိန့်ပေါ့။ကိုယ်တွေအကုန်လုံးကသဘောကောင်းတယ်ဆိုတာလည်းချူးမိန်ကသိတော့ကိုယ်တွေနဲ့လာပေါင်းနေတာ။

သူငယ်ချင်းဖြစ်တာသိပ်မကြာသေးပေမယ့်၊ချူးမိန့်ဘာကြိုက်တက်လဲ၊မကြိုက်တာကဘာလဲဆိုတာရိပေါ်နဲ့ဖေးမင်စစ်ကအစသိတယ်။သူနဲ့ဖေးမင်စစ်ကချူးမိန့်ကအဖွဲ့ထဲမှာအရမ်းဂရုစိုက်ပေးလွန်းလို့ကျန်တဲ့နှာဘူးသူငယ်ချင်းနှစ်ကောင်က " မင်းတို့၂ယောက်ချူးမိန့်ကိုကြွေနေတာလား " ဆိုပြီးမေးခွန်းထုတ်လာတာ။

ဟုတ်တယ် ချူးမိန့်ကိုကြွေနေတာ၊ကိုယ်တစ်ယောက်တည်းကြွေတာမဟုတ်ဘူး၊တည်ငြိမ်သူကြီးဖေးမင်စစ်ပါကြွေနေတာ။ချူးမိန့်ကတော့ဒါတွေကိုမသိသေး။

ဖွင့်ပြောမယ်လို့ကြံစည်နေတုန်းဖေးမင်စစ်ကလည်းလူလည်ကြပြီးရောက်ရောက်လာတော့ဖွင့်ပြောချိန်ဆိုတာမရဘူး။

အခုစားသောက်ဆိုင်မှာရိပေါ်နဲ့ဖေးမင်စစ်တို့ကြားထဲမှာချူးမိန့်ကမှာထားတဲ့အစားသောက်လေးတွေထိုင်ကာစားနေတယ်။ချူးမိန့်ကြိုက်တဲ့ဟင်းရည်လေးကိုစားပွဲထိုးလေးကလာချတော့ ရိပေါ်နဲ့ဖေးမင်စစ်က ဟင်းရည်ပန်းကန်ကိုတစ်ပြိုင်နက်ဆွဲယူတော့ အလယ်မှာထိုင်နေတဲ့ချူးမိန့်ကပဲ စားရင်းကနေရပ်ပြီးတားလိုက်ရသည်။

" နင်တို့နှစ်ယောက်ဟင်းရည်ပန်းကန်းလုနေမှ ငါမသောက်ရပဲကွဲသွားအုံးမယ်နော် "

ချူးမိန့်သတိပေးကာပြောလာမှ ရိပေါ်ရောဖေးမင်စစ်ကဟင်းရည်းပန်းကန်ကိုဆွဲလုယူကနေရပ်လိုက်တယ်။နှစ်ယောက်ထဲကွက်ပြီးအကြည့်ချင်းဆုံကာစစ်ပွဲဖြစ်နေတော့ ကျိုးယိနဲ့ရှန်းချိုး ကအလိုက်သိစွာပြန်ပြောလာတယ်။

" ဟျောင့်ရေ ဟင်းတွေအေးကုန်မယ် "

ရှန်းချိုးကအရင်ပြောတော့ကျိုးယိကထပ်ပြောလာတယ်။

ကိုယ့်ရဲ့ထာဝရနေမင်ကြီး  ( Completed ) Where stories live. Discover now