Ep_7

1.3K 74 1
                                    


ကိုကိုကလည်းသူ့သူငယ်ချင်းမွေးနေ့ဆိုတော့ကမ်းခြေကိုညအိပ်ထွက်သွားတာတဲ့။ကိုကိုမရှိတော့ဝမ်အိမ်တော်မှာနေရတာအစိမ်းသက်သက်ကြီး။ကြားထဲကိုကို့ညီက ကျန့်ကျန့်ဆိုရင်အရမ်းမုန်းနေတာ၊ကျန့်ကျန့်ကိုဒီလိုတောင်ပြောလိုက်သေး၊အိမ်မှာလူပိုတဲ့လေ။

ကိုကို့အိမ်ကအစေခံတွေရော ကျန့်ကျန့်ကိုဝန်ထုတ်ဝန်ပိုးတဲ့။ဟုတ်ပါတယ်လေ ကိုယ်ကသူတို့ဆီမှာနေတာဆိုတော့ အိမ်ရှင်အတွက်လုပ်ပေးနေရတာကတမျိုး၊ဧည့်သည်ကိုပါအစအစအရာရာဂရုစိုက်လုပ်ပေးနေရတော့ သူတို့တွေအကုန်လုံးကဝန်ထုတ်ဝန်ပိုးလို့ပြောလည်းမဆန်းပါဘူး။ဒါပေမယ့်ကျန့်ကျန့်ကတော့ဂရုမစိုက်ပါဘူး၊မဟုတ်လည်းကျန့်ကျန့်ကကျန့်ကျန့်အိမ်ပြန်ရမယ့်သူပဲလေ။အဲ့တော့မကောင်းကြောင်းပြောနေတဲ့သူတွေကိုဂရုစိုက်ဖို့အချိန်ဆိုတာမရှိဘူး။

" သားလေး နိုးပြီးလား "

ထမင်းစားခန်းထဲကိုဝင်ပြီးထိုင်ခုံမှာထိုင်လာတဲ့သားလေးကျန့်ကျန့်ကို​မေးလိုက်တော့ ဒေါ်စုယွဲ့ယွဲ့ကိုသားကျန့်က " ဟုတ်ကဲ့ " ဆိုပြီးရိုရိုသေသေပြန်ပြောလာတာကြောင့် ဒေါ်စုယွဲ့ယွဲ့ကခေါင်းဆက်ဆက်ညိမ့်ပြလိုက်တယ်။

ဘိုးဘိုးဝမ်ကျိုးလင်ကထမင်းစားပွဲခုံရှေ့ဆုံမှာထိုင်ပြီးဘာမှဝင်မပြောပဲဆန်ပြုတ်ကိုသာစားနေသည်။
ဒေါ်စုယွဲ့ယွဲ့က သားကျန့်စားဖို့အတွက်ဆိုပြီးအစေခံကိုအော်ခေါ်လိုက်တယ်။အစေခံအဒေါ်ကြီးချိုးချိုးကရောက်လာပြီး ပြောသည်။

" သခင်မစုယွဲ့ ဘာများလိုပါသလဲ "

" သားကျန့်စားဖို့အတွက် ဆန်ပြုတ်ကိုပန်းကန်ထဲထည့်လာခဲ့ "

ဆန်ပြုတ်တဲ့လား၊ကျန့်ကျန့်ဘဝမှာဆန်ပြုတ်တစ်ခါမှမစားဖူးတာ၊ကျန့်ကျန့်ကဆန်ပြုတ်မကြိုက်တာကြောင့်အန်တီစုယွဲ့ယွဲ့ကိုပြန်ပြောလိုက်တယ်။

" ကျန့်ကျန့် ဆန်ပြုတ်မကြိုက်ဘူး ကော်ဖီနဲ့ပေါင်မုန့်မရှိဘူးလား ဖေဖေကမနက်ဆိုကျန့်ကျန့်အကြိုက်ကော်ဖီနဲ့ပေါင်မုန့်ကျွေးနေကျဆိုတော့ ကျန့်ကျန့်ကဆန်ပြုတ်မစားတက်လို့ပါ "

ကိုယ့်ရဲ့ထာဝရနေမင်ကြီး  ( Completed ) Where stories live. Discover now