Ep_19

1.1K 62 3
                                    


" ကိုကိုရိပေါ် ကိုကိုရိပေါ် "

ဝတ်ထားတဲ့ပုံကလည်းဘာပုံကြီးမှန်းမသိဘူး။ဒီလောက်အေးနေပါတယ်ဆိုမှအနွေးထည်မဝတ်ဘာမဝတ်နဲ့ ဘယ်ကကလေကချေအုတ်ကြားမြတ်ပေါက်လဲ?ကိုကိုရိပေါ်ဆိုတော့သူ့မြေးအသိလား၊ဒါမှမဟုတ်သူ့မြေးမိတ်ဆွေများလား။ရိပေါ်သူငယ်ချင်းထဲမှာတစ်ခါမှဒီလိုဗရုတ်ကျတဲ့ကောင်လေးကို မတွေ့ဖူးပါ။

ကိုယ့်အိမ်လာမှပဲပထမဆုံးတွေ့ရတော့တယ်။အခုခေတ်လူငယ်တွေရဲ့fashion တွေကလည်းနော် ဘာတွေမှန်းမသိဘူး။အခုလူငယ်မိန်းကလေး/ယောင်္ကျားလေးမှန်သမျှက အရောင်တောက်တောက်အဝတ်စားကြီးဝတ်ထားတာက ဝမ်ကျိုးလင်ရဲ့မျက်လုံးထဲမှာကြည့်ရဆိုးတယ်။တကယ်ကိုကြည့်ရဆိုးတယ်။လုပ်နေတဲ့အမူရာကလည်းဘာအမူရာမှန်းမသိဘူး။

အခုခေတ်လူငယ်တွေများနော်!!!

ဟူးးးး~~~~~~

" မင်းကဘယ်သူလဲ "

" သားက ကိုကိုရိပေါ်ကိုတွေ့ချင်လို့ပါ ကိုကိုရိပေါ်နဲ့အပြင်သွားမို့ပါ "

" ငါကဘာအကြောင်းရှိလို့မင်းနဲ့အပြင်သွားရမှာတုန်း ? "

ကိုကိုရိပေါ်ကလှေကားပေါ်ကနေဆင်းလာပြီးနောက် သူ့အဘိုးဘေးရပ်ကာကိုကိုရိပေါ်ကပြောလာတော့ ကျိုးရန်ကလည်းစကားပြန်ပြောလိုက်တယ်~~

" ကိုကိုကလည်း ရန်ရန်ကိုဘာလို့အဲ့လိုပြောရတာလဲ ရန်ရန်အများကြီးစိတ်မကောင်းဖြစ်ရတယ် "

အိုးဟိုး~~~ ကျိုးယိရဲ့ညီကျိုးရန်ကစကားသိပ်တက်တာပဲ။ကျိုးယိကအတယ်၊သူ့ညီကျိုးရန်ကတအားလည်တာ၊ပတ်ခနဲပြန်လည်းပြောတက်တယ်။ရိုးတာလိုလိုဘာလိုလိုဟန်ဆောင်နေတဲ့ကျိုးရန်လက်ထဲကို သူ့သူငယ်ချင်းရိပေါ်ကိုမပေးနိုင်ပါဘူး။

အလကားနေကိုယ့်သူငယ်ချင်းဒုက္ခရောက်မယ့်အလုပ်ကို ရှန်းချိုးမလုပ်။မင်းညီကိုတားပါလို့​ကျိုးယိကိုပြောလည်းကျိုးယိဆိုတဲ့ကောင်ရဲ့ခေါင်းထဲမှာဖုန်းပဲပွတ်တက်တာ။သူ့ခေါင်းထဲမှာဘာမှမရှိဘူး။

" ငါ့သူငယ်ချင်းနားကနေ go go ! မင်းလိုစွာစိလန်ကိုငါ့သူငယ်ချင်းကလုံးဝသဘောကျမှာမဟုတ်ဘူး "

ကိုယ့်ရဲ့ထာဝရနေမင်ကြီး  ( Completed ) Where stories live. Discover now