Ep_18

1.1K 54 4
                                    


ချူးမိန့်နဲ့ချစ်သူရည်းစားဖြစ်ပြီးခဏအကြာမှာပြတ်သွားခဲ့ပေမယ့်လည်း အရင်လိုခင်မင်မှုတွေကမပျောက်သွား။ကျောင်းတုန်ကကောင်တွေနဲ့လည်း တစ်ခါတစ်လေမှတွေ့ဖြစ်တာဆိုတာအမှန်။အသက်တွေလည်းမငယ်တော့ဘူးဆိုတော့ ကိုယ်စီအလုပ်တွေနဲ့။အခုတော့ကိုယ်တွေသူငယ်ချင်းဆုံတုန်းလေးbarထိုင်မယ်ဆိုပြီးbarကိုအဖွဲ့လိုက်သွားသည်။အဖွဲ့ထဲမှာမိန်းကလေးကချူးမိန့်တစ်ယောက်တည်းမို့ ရိပေါ်ကသေချာဂရုစိုက်ပေးနေရတယ်။ဖေးမင်စစ်နဲ့ချူးမိန့်ကလည်းတစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ခံစားချက်တွေရှိနေကြတယ်ဆိုတာ ရိပေါ်သိလို့ ဖွင့်​ပြောခိုင်းလည်းနှစ်ယောက်စလုံးကသတ္တိဆိုတာမရှိကြဘူး။

တကယ့်ကောင်ဖေးမင်စစ်!

" ကျေးဇူးပါ ရိပေါ် "

ချူးမိန့်တို့ကြားထဲတစ်ခါတစ်လေဆိုရိပေါ်ကိုယ်တိုင်ဝင်ပါရတာ။ဖေးမင်စစ်သဝန်တိုအောင် ချူးမိန့်ကသူ့ကိုကူညီခိုင်းတာ့လည်း အလိုက်တစ်သိကူညီပေးရတာပေါ့။ကျိုးယိကတော့ထုံစမ်းအတိုင်း ဖုန်းပဲပွတ်နေပြီး၊ရှန်းချိုးကတော့barမှာတွေ့သမျှမိန်းကလေးတိုင်းကိုအထာတွေပေးနေလို့ပါရဲ့။မျက်လုံးမှိတ်ပြလိုက်၊မျက်ခုံးပင့်ပြလိုက်နဲ့ ကြာတော့ကြည့်မရတော့ဘူး။

" ကိုကို ကိုကို ဝမ်ရိပေါ် "

barမှာထိုင်နေရင်းမထင်မှတ်ထားပဲကျိုးယိရဲ့ညီလေးနဲ့တွေ့တာပဲ။ကျိုးရန်လည်းသူ့ကိုမြင်တာနဲ့ကိုကိုဝမ်ရိပေါ်ဆိုပြီးအနားလာထိုင်တော့ ဘာမှမပြောပဲလွှတ်ထားလိုက်တယ်။ကျိုးယိရဲ့ညီကျိုးရန်ကလည်းအရင်တည်းကဝမ်ရိပေါ်ကိုကြွေနေတယ်ဆိုတာသူငယ်ချင်းတွေအကုန်လုံးသိ။ကျိုးရန်ကအဖွဲ့ထဲကသူတွေနဲ့တည့်တယ်ဆိုပေမယ့်နှာဘူးကောင်ရှန်းချိုးနဲ့တော့မတည့်ဘူးလို့ပြောရမယ်။နှစ်ယောက်သားတွေ့လိုက်တာနဲ့အပြန်လှန်ကိုက်နေကြတော့တာပဲ။

" ငါပြန်တော့မယ် "

ဖေးမင်းစစ်အကျင့်ကbarမှာကြာကြာမထိုင်တက်ဖူးဆိုတာရိပေါ်ကြိုသိထားတယ်။ချူးမိန့်ကလည်းဖေးမင်စစ်ပြန်မယ်ဆိုတာကိုမပြန်နဲ့လို့တားချင်နေတာမှန်း ပြန်လေဆိုပြီးဟန်ဆောင်ပြောနေလိုက်တာများ။ည၁၂ထိုးတဲ့အထိမှချူးမိန့်နဲ့အတူအိမ်ပြန်ရောက်တော့တယ်။ကားပေါ်မှာတစ်လျှောက်လုံး ချူးမိန့်ကဖေးမင်စစ်နဲ့ပတ်သတ်တဲ့အကြောင်းတွေကိုခုမှလာထုတ်ပြောနေတော့ ရိပေါ်နားထောင်ရင်း အိပ်ချင်လာပြီ။အမူးပြေလေးသံပုရာရည်နဲ့အကင်လေးတွေထိုင်စားမယ်ဆိုပြီး ရိပေါ်နဲ့ချူးမိန့် နှစ်ယောက်တည်းခြံဝန်းထဲမှာအမူးပြေထိုင်စားသောက်နေတယ်။

ကိုယ့်ရဲ့ထာဝရနေမင်ကြီး  ( Completed ) Where stories live. Discover now