Ep_3

1.5K 91 4
                                    


ဉီးရှောင်းကျီကသူ့သားရှောင်းကျန့်ကမနေ့ညတည်းကအိမ်ပြန်မလာလို့စိတ်ပူလို့ဆိုပြီးရိပေါ်ရဲ့အဘိုးကိုဖုန်းဆက်အကြောင်းကြားတော့ ရှောင်းကျန့်ကမနေ့ညကသူ့အိမ်မှာအိပ်နေတာပါလို့ဆိုပြီး ရိပေါ်အမှန်တိုင်းပြောပြလိုက်သည်။ရှောင်းကျီကတော်ပါသေးရဲ့ဆိုပြီးပြန်ပြောလာတယ်။

ခဏနေကျရင်သူ့သားကျန့်ကျန့်ကိုပြန်ခေါ်မယ်ဆိုလို့ရှောင်းကျန့်ကိုအဆင်သင့်အောက်မှာထိုင်စောင့်ခိုင်းရတယ်။မေမေကလည်းကိုယ့်ဆီလာတဲ့ဧည့်သည်မှန်သမျှန်ကိုဧည့်ဝတ်ကျေအောင် အကုန်လုပ်ပေးတယ်။မေမေကခိုင်းလို့ရတော့ ကောင်ဆိုးလေးရှောင်းကျန့်ကအကုန်ခိုင်းတော့တာပဲ။

ကိုယ့်အမေကိုဟိုဟာလေးယူပေးပါအုံးဒါလေးယူပေးပါအုံးနဲ့ဆိုပြီးခဏခဏခိုင်းနေတော့ သူလုံးဝကြည့်မရက်နိုင်။ကိုယ့်ထက်အမေအရွယ်လောက်ရှိတာကိုသူမို့ခိုင်းရဲတာ။

ခိုင်းရဲတဲ့သတ္တိကိုလေးစားပါတယ်လေ~~~~~~~

" သားကျန့်လေး ကြိုက်သလိုစားနော် ဒီကမေမေကအကုန်လုပ်ပေးမယ်သိလား အားမနာနဲ့ အန်တီကိုသားရဲ့မေမေတစ်ယောက်လိုသဘောထားနော် ငါ့သား။ "

ဒီကလေးအကြောင်းကိုသားရိပေါ်ဆီကနေအကုန်ကြားပြီးပြီမို့ ဒီကလေးလေးအတွက်လုံးဝစိတ်မကောင်းဘူး။အမေကလည်းပစ်သွား၊အဖေကလည်းနောက်မိန်းမထပ်ယူတော့ ဒီကလေးလေးကိုသနားနေရတာ။အမေမေတ္တာကိုငတ်လာတဲ့ကလေးလေးဆိုတော့အခုလိုလူတကားအပေါ်ဆိုးသွမ်းပြုမှုနေတာကိုလည်းအပြစ်မပြောရက်ပါဘူး။

အကြောင်းက ကလေးလေးကမိခင်မေတ္တာငတ်နေရှာတာလေ။ဘယ်လောက်တောင်အမေတစ်ယောက်မေတ္တာငတ်သလဲဆိုရင် ကိုယ်ကိုယ့်ကိုယ်မေမေလို့သုံးနှုန်းလိုက်တော့ ၁၆နှစ်ကလေးလေးကျန့်ကျန့်ကမုန့်စာရင်း မျက်ရည်ဝဲတဲတဲလေးနဲ့ ကိုယ့်ကိုကြည့်လာတာတဲ့လေ။

ရှောင်းကျန့်လေးကစားရင်းကနေချက်ချင်းထပြီးပြန်သွားတော့စုယွဲ့ယွဲ့အော်ခေါ်တားလည်းပြန်ရောက်မလာခဲ့ပေ။ရှောင်းကျန့်ကိုပြန်ခေါ်ခိုင်းဖို့သားဝမ်ကိုပြောလိုက်တော့စုယွဲ့ယွဲ့သဘောအတိုင်းသားဝမ်ကရှောင်းကျန့်ရှိရာပြေးလိုက်သွားတယ်။

ကိုယ့်ရဲ့ထာဝရနေမင်ကြီး  ( Completed ) Where stories live. Discover now