Ep_27

1.3K 59 4
                                    


အကို့မျက်ဝန်းတွေကိုကြည့်နေမိရင်း ရှောင်းကျန့်လက်ထဲကကိုင်ထားတဲ့ရေခဲချောင်းလေးကအရည်ပျော်ကာမြေကြီးပေါ်ပြုတ်ကျသွားသည်။ရေခဲချောင်းအရည်ပျော်ကျပြီးပြုတ်ကျသွားတော့ ရှောင်းကျန့်ကမျက်နှာလေးမဲ့ရှုတ်ကာ ငါ့ရေခဲချောင်းလေးဆိုပြီး ရိပေါ်ရှေ့ညည်းညူနေတော့ ရိပေါ်ပြုံးလိုက်မိတယ်။

အကိုကထိုစတိုးဆိုင်ထဲဝင်သွားတော့ဘာလို့သွားတာလဲဟုရှောင်းကျန့်စိတ်ထဲကနေသိချင်မိတယ်။စတိုးဆိုင်ထဲကနေချက်ချင်းပြန်ထွက်လာတဲ့အကိုဝမ်ရိပေါ်။အစောကမစားလိုက်ရတဲ့စတော်ဘယ်ရီရေခဲမုန့်လေးကိုအကို့ပြန်ဝယ်ပေးပြီးလက်ထဲထည့်ပေးလာတော့ ရှောင်းကျန့်လည်းရေခဲချောင်းကိုဖောက်ကာစားလိုက်တယ်။

ပန်းရောင်သန်းနေတဲ့နှုတ်ခမ်းလေးတွေကရေခဲချောင်းကိုဖြေးဖြေးချင်းချင်းစုပ်ယူကာစားပြနေတော့ ရိပေါ်မှာအာတွေခြောက်ကာ ရေဆာလာရတယ်။

" ကိုကိုတစ်လုတ်လောက်ကျွေးပါလား "

ဟင် ? အကိုကသူ့ကိုသူ"ကိုကို"လို့စတင်သုံးနှုန်းပြီးပြောလာတော့ ကျန့်ကျန့်ရုတ်တစ်ရက်ဆိုသလိုကြောင်အသွားရတယ်။ဘာပြောရမှန်းတောင်မသိတော့ဘူး~~~~~

ကလေးတစ်ယောက်လိုခေါင်းညိမ့်ပြလာသောရှောင်းကျန့်။

" ကိုကိုစားပြီနော် ကျန့်ကျန့် "

စားပြီးဆိုတော့ရေခဲချောင်းကိုစားမယ်ထင်ထားခဲ့တာ၊တကယ်တမ်းကျအကိုကကျန့်ကျန့်နှုတ်ခမ်းထောင့်မှာပေနေတဲ့စတော်ဘယ်ရီဖတ်သေးသေးလေးကိုအကိုကသူ့နှုတ်ခမ်းနဲ့စုပ်ယူပြီးစတော်ဘယ်ရီဖတ်လေးကိုကျန့်ကျန့်စားပြလိုက်တော့ ကျန့်ကျန့်မျက်လုံးတွေပြူးကျယ်သွားရသည်။သတိဝင်လာမှအကို့ရင်ဘတ်ကိုအသာလေးတွန်ရင်း အကို့ကိုမျက်နှာလွဲရင်းပြန်ပြောလိုက်မိတယ်။

" အကိုနော် ... ဘာ ဘာလို့အဲ့လို့ တွေလုပ်ရတာ
လဲ!? "

မသိသာလေးနီးမြန်းသွားတဲ့ပါးနှစ်ဖက်ကိုရိပေါ်ကအသည်းယားစွာဖြင့် ကျန့်ကျန့်ပါးနှစ်ဖက်ကိုအုပ်ကိုင်ရင်း ကျန့်ကျန့်နှာခေါင်းကိုမွဆိုပြီးနှုတ်ခမ်းလေးဖြင့်အနမ်းပေးလိုက်သည်၊နဖူးလေးပါအပိုနမ်းပေးလိုက်တော့ ကျန့်ကျန့်မျက်ဝန်းတွေကမှိတ်ကျသွားသည်။

ကိုယ့်ရဲ့ထာဝရနေမင်ကြီး  ( Completed ) Where stories live. Discover now