Unicode
"ပတ်ချန်းယောလ် ရုံးခန်းထဲရောက်နေပြန်ပြီဆို''
Toiletကနေ ပြန်လာတုန်း လမ်းမှာ ကောင်မလေးတွေပြောနေသံက နားထဲကိုတည့်တည့်မတ်မတ်ရောက်လာသည်။
ဘတ်ဟျွန်း ခြေလှမ်းတွေခဏရပ်ပြီး နားထောင်နေမိသည်။ပတ်ချန်းယောလ်ဆိုတဲ့ နာမည်ကြားတိုင်း အာရုံစိုက်နေမိတာကြောင့် စေခိုင်းမှုတွေပို့လွှတ်တဲ့ ဦးနှောက်ကိုသာ အပြစ်တင်မိတော့တာပဲ။
"နှစ်ယောက်သားရဲ့ မိဘတွေက အပြိုင်အဆိုင်တွေလေ
အမြဲရန်ဖြစ်နေကျ....။ အခုတစ်ခါက ပိုဆိုးတယ်
နှစ်ယောက်စလုံး မျက်နှာတွေ စုတ်ပြတ်သတ်နေရော''"ဟယ်...အဲလိုကြီး!?''
"အွန်း''
စကားသံတို့အဆုံး ဘတ်ဟျွန်း လက်သီးကို ခပ်တင်းတင်းဆုပ်ထားမိလျက်သား...။
အဲလောက်ပြောထားရက်နဲ့။တစ်မျိုးကြီးဖြစ်လာတာမို့ ပြေးပြီးတော့သာထွက်လာခဲ့လိုက်တော့သည်။
အဆိုးအပေဟာ အဆိုးအပေတို့လမ်းစဉ်ကိုပဲ ကျင့်သုံးခဲ့ပြန်တာပဲ...။...
...
...
အတန်းချိန်တစ်ချိန်အားတာမို့ ဘတ်ဟျွန်းအခန်းထဲမှာရှိမနေပါ။
နောက်အချိန်လည်း ဘတ်ဟျွန်းမတက်တော့ပါ။"ဘတ်ဟျွန်းဘယ်မှာလဲ...''
ဝင်လာတဲ့ message ကို လျစ်လျူရှုပြီးသာနေလိုက်သည်။
စိတ်ပေါက်ပေါက်နဲ့ စက်ပါပိတ်ထားလိုက်သေးသည်။ဘတ်ဟျွန်းက အဲလိုပဲ ဂျစ်ကန်ကန်...။
ခဏကြာတော့လှေကားဆီက ခပ်သုတ်သုတ်ခြေသံကိုကြားလိုက်ရသည်။
"ဘတ်ဟျွန်း!''
ဘတ်ဟျွန်းနာမည်ကိုလှမ်းခေါ်လိုက်တာက နှစ်ယောက်မရှိတဲ့ အဆိုးအပေဆိုတာသေချာပါရဲ့။
ခေါင်မိုးထပ်ရဲ့ ဘယ်ဘက်ထောင့်မှာ လူမမြင်ရတဲ့နေရာမှာနေတာကိုပင် သူက ဘယ်လိုသိလာလဲမပြောတတ်ပါ။
ဘတ်ဟျွန်းရပ်နေတဲ့နေရာရဲ့ ဘေးကို လာရပ်သည်။
ဘတ်ဟျွန်းလှည့်မကြည့်မိ။
YOU ARE READING
Limited Edition✨ (completed)
Fanfiction𝖭𝗈 𝖣𝗋𝖺𝗆𝖺 𝖹𝗈𝗇𝖾 ⋆♡︎˚ 𝗋𝖾𝖼𝗈𝗆𝗆𝖾𝗇𝖽𝖾𝖽 𝗌𝗈𝗇𝗀 - 𝖲𝖲𝖥𝖶 𝖻𝗒 𝖢𝗁𝖺𝗇𝗒𝖾𝗈𝗅