Wedding Day

2.1K 250 21
                                    

Unicode

At 1985 9th Line, Carleton Place, ON K7C 3P2, Canada....,

Wedding venue ကျယ်ကြီးထဲတွင်ဖြစ်လေသည်။
သတို့သားနှစ်ယောက်၊ နှစ်ဖက်မိဘတွေနဲ့
ဆရာဂျွန်မြောင်၊ ဆယ်ဟွန်း၊ ဂျုံအင်၊ မင်ဂီ၊ မီနာရယ် အပုလေးရယ်....။

ထိုသို့ ကိုရီးယားကလူတွေအပြင် ကနေဒါက ချန်းယောလ်ရဲ့သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ ရှယ်ယာဝင်တွေ၊ ကုမ္ပဏီဝန်ထမ်းတွေ....။

ကြီးကြီးကျယ်ကျယ်စီစဉ်ထားတဲ့ မင်္ဂလာပွဲက ကြီးကျယ်သည်ထက်ကြီးကျယ်နေလေသည်။

"ဘတ်ဟျွန်းရား sob!''

အကုန်လုံးပြုံးပျော်နေကြပြီး လက်ထပ်မှတ်ပုံတင်ပြီးသွားတဲ့ ချန်းယောလ်တို့ကို အသီးသီးဂုဏ်ပြုနေကြပေမယ့်
မိဘတွေကအစ တက်ကြွနေကြပေမယ့်
တရွှတ်ရွှတ်နဲ့ ငိုနေသူတစ်ဦးရှိလေသည်။

ဘတ်ဟျွန်းမှာ မင်ဂီတို့ကိုထားကာ ဂျုံအင့်အနားအပြေးသွားရလေသည်။
ဘတ်ဟျွန်းကိုတွေ့ကာမှ မျက်ရည်တွေဘူးသီးလုံးလောက်ထပ်ကျလာတာကို ဘတ်ဟျွန်းမတားတတ်တော့ပါ။

"ငါ့သူငယ်ချင်းလေး sob!
တကယ်ကြီးလက်ထပ်သွားပြီ အိုမားရား''

အတည်ကြီးငိုနေတဲ့ သကောင့်သားကိုကြည့်ပြီး ဘတ်ဟျွန်းအူတက်နေတာလည်းမရပ်တော့ပါ။
ဂျုံအင်ဟာလေ...။

"ကင်မ်ဂျုံအင်ရာ မင်းသူငယ်ချင်းက လက်ထပ်ခွင့်နှစ်ခါတိတိတောင်းခံရပြီး ကောင်းကောင်းမွန်မွန်လူနဲ့လက်ထပ်သွားတာနော်
ဂုဏ်ယူစမ်းပါဖေ့သားရာ''

ဘတ်ဟျွန်း ဂျုံအင့်ပုခုံးကိုလှမ်းဖက်လိုက်ပြီး စလိုက်တော့မှ

"ချီးကိုဖေ့သား'' ဆိုပြီး အသံထွက်လာသည်။

ဒါတောင် တအင့်အင့်နဲ့ရှိုက်သံကမပျောက်သေး...။

ငယ်ငယ်ကတည်းက အတူတူရှိလာကြတဲ့သူငယ်ချင်းတွေဆိုတော့ တစ်ယောက်ကလက်ထပ်သွားရင် ဒီလိုမျိုးပဲဖြစ်တတ်ကြတာထုံးစံပါလေ။
ဂျုံအင်သာအရင် လက်ထပ်ရင်လည်း ဘတ်ဟျွန်းထိုနည်းတူခံစားရမှာပဲ။

တောရောက်တောင်ရောက်တွေပြောနေတော့မှ ကိုယ်တော်က မျက်ရည်တစ်ခွဲသားကျနေတာရပ်တော့သည်။

Limited Edition✨ (completed)Where stories live. Discover now