One

9.4K 541 16
                                    

Unicode

ချန်းယောလ် ဆုံလည်ထိုင်ခုံတွင်‌ကျောမှီ၍ခြေထောက်ကိုချိတ်ထိုင်ကာသူ့ရှေ့မှာ ဩဝါဒတွေတစ်သီတစ်တန်းခြွေနေသော ကျောင်းအုပ်ကြီးဆိုသူကို မှုန်တေတေမျက်နှာထားနှင့်
ကြည့်နေလိုက်သည်။

သူကျောင်းရုံးခန်းကိုရောက်ခြင်းမှာ ကျောင်းဖွင့်သည့်သုံးလအတွင်းတွင်ဆယ်ခေါက်မကတော့။
ရောက်တိုင်းတွင်လည်း သတင်းကောင်းကြောင့်မဟုတ်။

ယခုတစ်ခေါက်တွင်လည်း ‌ဆေးလိပ်ခိုးသောက်တာမိ၍ ရုံးခန်းသို့‌ခေါ်ဆူခံရခြင်းဖြစ်သည်။
တစ်ခြားသူတွေအနေနှင့်ဆိုလျှင် ရုံးခန်းသို့ သုံး‌၊လေးခေါက်လောက်ရောက်သည်နှင့် ကျောင်းထုတ်ခံလိုက်ရမည်မှာအသေအချာဖြစ်ပေမယ့်
ချန်းယောလ်အတွက်‌တော့ထိုသို့မဟုတ်။

မွေးသဖခင်ကြီး၏ ကျောင်းထောက်ပံ့ကျေးဆိုသောမျက်နှာကြောင့် ရုံးခန်းဘယ်နှစ်ခေါက်ရောက်ရောက် ကျောင်းထုတ်ခံရဖို့မပြောနှင့် မည်သူမျှအသံကျယ်ကျယ်ဖြင့်မဆူရဲသည်အထိပင်။

သို့သော် သူ့ကိုဆူရဲသည့် တစ်ဦးတည်းသောပုဂ္ဂိုလ်ဖြစ်သည့် ဖခင်ကြီးကတော့ မကြာခင်မှာ ဖုန်းဆက်ပြီးပွားတော့မှာဖြစ်သည်။
သူစိတ်ညစ်တာလည်း ဒါတွေပင်။

အဝေးကိုပို့ထားပီးတော့ ကိုယ့်ကိုထိန်းချုပ်ချင်နေတဲ့အဖေဖြစ်သူကို တကယ်ပဲနားမလည်နိုင်ပါ။
ကိုယ့်လိုဆိုးသွမ်းနေတဲ့သားတစ်ယောက်ကိုမထိန်းနိုင်လို့ သူ နေချင်ပါဘူးဆိုတဲ့ဒီနိုင်ငံကိုပဲပို့လိုက်တာမဟုတ်လား။

မီးရောင်တွေတလက်လက်နဲ့ လာနေကျ ကလပ်ကလည်း ဒီနေ့မှမျက်စိနောက်စရာကောင်းနေသယောင်။

ချန်းယောလ် ဝိုင်ခွက်ထဲရေခဲတစ်တုံးပစ်ထည့်၍သာ ဘယ်၊ညာ ဝေ့ဝဲကြည့်နေလိုက်တော့သည်။

အိုဆယ်ဟွန်း!သကောင့်သားကတော့မိန်းကလေးတွေကြား‌ကွေးနေအောင်ကနေသည်မှာ ချန်းယောလ်ကိုပင်သတိရမည်မဟုတ်။

ငလူးလေးကိုဂုတ်ကနေဆွဲပီးသာ ဟန်မြစ်ထဲလွင့်ပစ်လိုက်ချင်သည်။

Limited Edition✨ (completed)Where stories live. Discover now