Unicode
"ချန်း!''
ချန်း...တဲ့။
ကိုယ့် အသည်းအသက်ဆီကထွက်လာတဲ့ ကိုယ့်နာမည်အစလေးက ရင်တလှပ်လှပ်ခုန်စရာကောင်းမှန်း ချန်းယောလ်သိပြီးရင်း သိလာရသည်။အိပ်ချင်မူးတူးပုံစံလေးက ကိုယ်စားချင်စရာ ပေါင်မုန့်လုံးလေးလို...။
"ဘေဘီနိုးပြီလား''
လိုက်ကာစကြားကို ထိုးဖောက်နေတဲ့ နေရောင်ခြည်က ဘေဘီ့မျက်နှာနုနုပေါ် ကွက်တိကျနေတာကြောင့် မျက်လုံးလေးက မှိတ်တုတ် မှိတ်တုတ်နှင့်....။
ချန်းယောလ် ခန္ဓာကိုယ်နှင့်ကွယ်ထားပေးလိုက်သည်။
ပြုံးခနဲဖြစ်သွားတဲ့မျက်နှာလေးကို တစ်ချက်ကောက်နမ်းလိုက်သေးသည်။
မနက်ခင်းက သာယာမှု လယ်ဗယ်အပြည့်။"ဟာကွာ ချန်းရာ မျက်နှာမသစ်ရသေးဘူးဆိုနေ''
"မသစ်ရသေးလည်း မွှေးတယ်''
"-,-''
"လာ ကိုယ်သစ်ပေးမယ်''
ရေချိုးခန်းဆီ ဘေဘီ့ကိုချီလို့ ထွက်လာခဲ့သည်။
-ချန်းရေ ဆပ်ပြာဆပ်ပြာ
-ချန်း! သွားတိုက်ဆေးလေးထည့်ပေးပါလား
-ဟီးဟီး ချန်းပဲ သွားတိုက်ပေး
-အဲတစ်ဖက်ကိုတိုက်တာကြာနေပြီ ချန်းရေ
-ချန်း
-ချန်း
-ချန်းဗြောင်ဘတ်ဟျွန်းဟာ ပတ်ချန်းယောလ်ဆီမျက်နှာမူလို့ တချန်းချန်းနဲ့ နေကြာပင်တွေစိုက်ပျိုးနေလေရဲ့...။
...
...
...
ပင်လယ်.....။
"နေ့နေ့ညည ကြည့်မဝရသော'' တဲ့။
ဆိုရိုးတွေဟာ အမှားမရှိ။အဖြူ၊ အပြာ၊ အဝါ၊ အနီ စုံလင်နေတဲ့ မနက်ခင်းနေထွက်စ ရှုခင်းကို ချစ်ရသူရဲ့လက်ကိုတွဲလို့ တမေ့တမော ငေးကြည့်နေမိပါ၏။
"ကိုယ်တို့ မနက်ဖြန်ဆို ပြန်ရတော့မှာပဲ''
"နောက်နှစ်ကျ ထပ်လာရအောင် ချန်း''
ကျိန်းသေပေါက် ပြန်လာကြမယ် ကတိတွေပေးရင်း ဘေဘီ့လက်ဖဝါးသေးသေးလေးကို ဆုပ်ကိုင်ထားမိသည်။
ထာဝရ တည်မြဲလိုတဲ့ တောင်းဆုတွေ အထပ်ထပ်တောင်းရင်းနဲ့....။
YOU ARE READING
Limited Edition✨ (completed)
Fanfiction𝖭𝗈 𝖣𝗋𝖺𝗆𝖺 𝖹𝗈𝗇𝖾 ⋆♡︎˚ 𝗋𝖾𝖼𝗈𝗆𝗆𝖾𝗇𝖽𝖾𝖽 𝗌𝗈𝗇𝗀 - 𝖲𝖲𝖥𝖶 𝖻𝗒 𝖢𝗁𝖺𝗇𝗒𝖾𝗈𝗅