Nineteen

2.1K 339 38
                                    

Unicode

ချန်းယောလ်ရဲ့ ဒယ်ဒီက အသွားအပြန်ကျောင်းလိုက်ပို့ပေးဖြစ်သည်။
သားမက်လောင်းလေးကိုပါတင်ခေါ်၍...။

စာမေးပွဲမပြီးမချင်း ဘာအကြောင်းအရာကိုမှ လာအစမဖော်ဖို့ ကတိတောင်းထားတဲ့ ချန်းယောလ်အလိုကိုလိုက်နေတာလားတော့မသိပါ။

ဒီရက်ပိုင်းအေးအေးဆေးဆေးပုံစံ မြင်နေရသည်ပေါ့။

"ဒီအပုဒ်မှတ်မိသေးလား''

နောက်ခန်းမှာထိုင်တဲ့နှစ်ယောက်ကိုကြည့်ပြီး ပတ်လူကြီးမင်း တစ်ချက်ပြုံးလိုက်မိသည်။
တစ်ယောက်ကစာမေးတာကို တစ်ယောက်ကသေချာလေးဖြေနေတာများ။

သူ့သားကို မလိမ္မာနိုင်တော့ဘူးဆိုပြီးထင်ထားခဲ့တာပင်။
အသက်ငယ်ငယ်နဲ့ရခဲ့တဲ့ကလေးဖြစ်တာကြောင့် ကောင်းကောင်းမပျိုးထောင်နိုင်မှာစိတ်ပူနေခဲ့ရသည်။

အလုပ်တစ်ဖက်နဲ့မို့ တခြားမိဘတွေလောက် အချိန်မပေးနိုင်ခဲ့...။
တစ်ခြားနိုင်ငံမှာထက် ကိုရီးယားမှာက ပိုစိတ်ချရတာကြောင့် ကိုရီးယားကိုပဲပို့ထားခဲ့သည်။
နေ့တိုင်းဘာလုပ်တယ်ဆိုတာကအစ သတင်းပြန်ယူခဲ့သည်။

နည်းနည်းလေးဆိုးရွားလာတာနဲ့ မိဘတွေ တစ်နည်း ချန်းယောလ်အဘိုးအဘွားတွေဆီကို ချန်းယောလ်ကိုပို့မည်ဟုတွေးခဲ့သည်။

အတွေးနဲ့လွဲမှားတာက သားဖြစ်သူဟာ တစ်နေ့တခြား လိမ္မာလာတာပင်။
ပြောင်းလဲမှုတွေကို တွေ့ချင်လွန်းလို့ အလုပ်တွေအကုန်ဖြတ်ပြီးလိုက်လာခဲ့တာဖြစ်သည်။

အခုတော့မြင်တွေ့နေရသည်။
မယုံနိုင်စရာအကြောင်းဟာ ပျော်ရွှင်စွာ ယုံကြည်သင့်တဲ့အကြောင်းဖြစ်နေခဲ့လေသည်။

"အဟမ်း ဒီနေ့အလုပ်ရှိလို့ လာမကြိုတော့ဘူး''

တောက်ပသွားတဲ့မျက်လုံးနှစ်စုံက မထင်မှတ်ဘဲ လိုက်ပြုံးမိစေသည်။
အဲလောက်တောင်ပျော်သွားကြတာလား သောက်ကလေးတွေရဲ့။

"ရတယ်ဒယ်ဒီ လာမကြိုနဲ့ ဟီး
အာ့ အာ့''

ဟန်ပင်မဆောင်နိုင်ဘဲ အူမြူးနေတဲ့ အဆိုးအပေကို ဘတ်ဟျွန်းဗိုက်ကြောလိမ်ဆွဲလိုက်သည်။
ချန်းယောလ်အဖေကလည်း ချန်းယောလ်ကိုမျက်မှောင်ကြုတ်ပြီးကြည့်လာသည်။

Limited Edition✨ (completed)Where stories live. Discover now