Six

3K 433 28
                                    

Unicode

10နာရီကျော်နေပေမယ့် ဘတ်ဟျွန်းခုထိအိပ်မပျော်သေး။
အိပ်ယာထဲမှာလူးလိမ့်နေမိပြီး ခေါင်းအုံးကိုသာ တဘုန်းဘုန်းနဲ့ ထုနေမိတော့သည်။

မျက်လုံးမှိတ်လိုက်ရင်လည်း အဆိုးအပေရဲ့ မျက်နှာချော‌ချော ကိုသာမြင်ယောင်‌နေသည်။
ယုတ်စွအဆုံး နားပိတ်ထားလျှင်ပင် အဆိုးအပေရဲ့အသံဩဩကိုပဲကြားယောင်လာသည်။

‌နေ့လည်တုန်းက သူ့အပြုအမူတွေကြောင့် ဘတ်ဟျွန်းစိတ်တွေ ဂယောက်ဂယက်ဖြစ်ခဲ့ရသေးသည်။
အဆိုးအပေကသိပ်ကိုရဲတင်းလွန်းသည်။
ပိုင်ဆိုးပိုင်နက်လုပ်လွန်းတဲ့ အဆိုးအပေကအခုတော့ဘတ်ဟျွန်းအတွေး‌ တွေကိုပါစိုးမိုးထားသည်။

"အား.....မုန်းလိုက်တာ မုန်းလိုက်တာ..."

မျက်လုံးထဲအဆိုးအပေရဲ့ တည်ကြည်ကြည်မျက်နှာထားကိုမြင်ယောင်လာတော့ ခြေထောက်နှစ်ချောင်းမိုးပေါ်ထောင်ကာ နားကိုပိတ်ပြီး အသားကုန်အော်ပစ်လိုက်သည်။

"သားငယ် မအိပ်သေးဘူးလား ဘာဖြစ်နေတာလဲ"

ဘတ်ဟျွန်းအကျယ်ကြီးအော်လိုက်လို့
‌အောက်ထပ်မှာ တီ‌ဗွီ ကြည့်‌နေတဲ့‌မေ‌မေကအပြေးတက်လာခဲ့သည်။
အခန်းတံခါးဖွင့်လာတဲ့ မေ့မေ့ကိုမြင်တော့ဘတ်ဟျွန်းသွားစိကာ "ဟီး" ကနဲလုပ်ပြပြီးမျက်နှာချိုသွေးလိုက်ရသည်။‌‌

‌မေ‌မေက‌တော့ ကုတင်ပေါ်ကသားဖြစ်သူရဲ့အခြေအနေကိုကြည့်ပြီး ''ဒီကလေးနှယ်...'' ဟု စိတ်မရှည်သဖွယ်ပြောပြီးပြန်ဆင်းသွားတော့သည်။
ဆူမသွားတာတော်သေးသည်။

အကုန်လုံးကအဆိုးအပေကြောင့်ဖြစ်တာ...။ အဆိုးအပေကြောင့်လူကမူမမှန်ချင်တော့တာ။ နောက်ခါအဆိုးအပေကိုဝေးဝေးကရှောင်ရမည်။
အဲလိုပြောတာပဲ ဆယ်ခါမကတော့...။

"အားရှီး''

...

...

လူခြေတိတ်ကုန်ပြီဖြစ်လို့ ဘတ်ဟျွန်းအိပ်ပြီလားဆို မအိပ်နိုင်သေးပါ။
တကယ်တော့ဘတ်ဟျွန်းအိပ်ချင်နေပြီဖြစ်သည်။

အိပ်တော့မယ်ကြံလိုက်တိုင်း သူ့မျက်နှာကြီးပဲ မြင်ယောင်လာလို့ သင်္ချာထိုင်တွက်နေခြင်းသာ...။

Limited Edition✨ (completed)Where stories live. Discover now