Eleven

3K 385 62
                                    

Unicode

"CSAT ဖြေရတော့မှာ သိကြတယ်မလား''

"ဟင်....ဆရာကလည်း....!''

အစသွားဖော်လိုက်လို့ စိတ်ညစ်နေကြတဲ့ရုပ်တွေကိုကြည့်ပြီး ဆရာဂျွန်မြောင်အူတက်အောင်ရယ်နေမိသည်။

စာမေးပွဲအသံကြားတာနဲ့ သံပုရာသီးလိုရှုံ့မဲ့သွားကြတာများ...။

"မဟုတ်ပါဘူးကွာ ဆုံးအောင်နားထောင်ကြပါဦး!''

"......''

"ပိတ်ရက်နီးတာနဲ့ နှုတ်ဆက်ပွဲရှိတယ်လေ။
မိဘမဲ့ဂေဟာကိုလည်း လုပ်အားပေးတစ်ခေါက်သွားကြမှာဆိုတော့ အလှူငွေထည့်ချင်သူများ အခုကတည်းကထည့်နိုင်ပါပြီလို့....။''

ဆရာကသေချာရှင်းပြနေသလောက်
တစ်ယောက်မှလည်းအရေးမစိုက်ကြဘူး။
ကောင်းရော...။

ဒါပေမယ့် ဆရာကလည်း ကျောင်းသားကနေပဲ ဆရာဖြစ်လာရတာဆိုတော့ အေးဆေးပါ။

"အလှူငွေနည်းများမဆို တစ်ခါထည့်တာနဲ့ ဆရာနဲ့အတူ ဓာတ်ပုံရိုက်ခွင့် တစ်ကြိမ်ရမှာနော်''

"တကယ်ကြီး! ဆရာနဲ့!?''

"ဒါပေါ့''

ဆရာကရယ်လိုက်ရင် ချစ်စရာတစ်မျိုးကောင်းသည်။
မရယ်ရင်လည်း ဝါဂွမ်းလုံးလေးလို...။
အသားဖြူဖြူအမျိုးသားချောချောလေးက အထက်တန်းနောက်ဆုံးနှစ်ရဲ့အတန်းပိုင်ဆရာဆိုတာ ယုံကြည်၍ပင်မရ...။

ထိုသို့အရမ်းအရမ်းကြည့်ကောင်းသောဆရာနဲ့ ဓာတ်ပုံရိုက်ခွင့်ရမယ်ဆိုကတည်းက မိန်းကလေးဘက်ကစပြီးစာရင်းပေးကြတာ တစ်ယောက်မှမကျန်ဘူးဆိုပါတော့။

"ယပ်တောင်အသစ်လဲလိုက်လို့တစ်ပြားမှမကျန်တော့ဘူး'' လို့ပြောခဲ့တဲ့မီနာက ထိပ်ဆုံးကအလှူရှင်မကြီးဖြစ်သည်။

"ဘတ်ဟျွန်းတို့ စာရင်းပေးဦးမလား''

ဆရာမမေးခင်ကတည်းကကို ဘတ်ဟျွန်းလည်း စဉ်းစားနေတာဖြစ်သည်။
ဘယ်လောက်လို့သာ အတိအကျမတွေးရသေးတာ...။

ဘတ်ဟျွန်း ဆရာ့ကိုခေါ်တော့မလို့လုပ်တော့ ဘတ်ဟျွန်းရဲ့ ပိုင်ရာဆိုင်ရာကြီးက ''ဆရာ!!'' ဆိုပြီး ထအော်သည်။
အဆိုးအပေကဘာတွေမွှေဦးမလဲဟူ၍သာ ရင်တမမဖြစ်နေရသည်။

Limited Edition✨ (completed)Where stories live. Discover now