Seven

3K 409 35
                                    

Unicode

ကျောင်းအားလပ်ရက်ရဲ့ ဒုတိယမြောက်နေ့
အင်း...ပိတ်ရက်နှစ်ရက်မှာ နောက်ဆုံးနေ့။

ပုံမှန်ဆို နောက်ကျတဲ့အထိအိပ်ဖြစ်ပေမယ့် ဒီနေ့တော့ထူးထူးခြားခြား အစောကြီးနိုးနေမိသည်။
အမြဲဆူညံတယ်ဆိုပြီးအော်နေခဲ့တဲ့ ငှက်သံတွေကလည်း ဒီနေ့မှထူးကဲပြီး နားထောင်ကောင်းနေသယောင်...။

သေချာလေးပိတ်ထားသည့် တံခါးကိုဖွင့်လိုက်တော့ လတ်ဆတ်ပြီးအေးချမ်းနေသော လေညင်းဖွဖွလေး လာတိုက်ခတ်သည်။

ရောင်နီဖျော့တော့တော့က ညအိပ်ဝတ်စုံ နီညိုရောင်ပေါ်မှာ လှပစွာ ဖြာကျလျက်သား...။

ပတ်ဝန်းကျင်ရဲ့သာယာမှုနဲ့အတူ ဘတ်ဟျွန်း ပါးစပ်တွေ နားရွက်တက်ချိတ်တော့မတတ်ဖြစ်နေသည်။

"နက်ဖြန်လာခဲ့မယ်''

ပြန်ခါနီးပြောသွားတဲ့ စကားက အဲလောက်တောင်ပဲ အစွမ်းထက်သလားတော့မသိပါ။
နှိုးစက်အသံမမြည်ခင်ကို တက်ကြွနေတော့သည်။

"Ya! ဘာကိစ္စနဲ့လာမှာတုန်း မလာနဲ့''

လှမ်းအော်လိုက်တဲ့စကားက စိတ်ထဲက မပါဘူးဆိုတာတော့ ဘုရားနဲ့ ဘတ်ဟျွန်းကလွဲပြီး ဘယ်သူမှမသိနိုင်ပေ။

အဲလိုနဲ့ပဲ ပြတင်းပေါက်မှာထိုင်နေတဲ့ ဘတ်ဟျွန်းရဲ့ စိတ်ထဲ ခပ်ဆိုးဆိုးကောင်လေးက မသိမသာနေရာဝင်ယူနေခဲ့သည်။

...

...

...

ဘတ်ဟျွန်း မှန်ရှေ့မှာတစ်နာရီလောက်အချိန်ဖြုန်းလိုက်သည်။
ကော်လံပါသည့်ရှပ်လက်တိုကို ဝတ်နေကျ အဖြူရောင်ခပ်ဖျော့ဖျော့ထက် အပြာနုရောင်လွင်လွင်လေးကိုရွေးဝတ်လိုက်သည်။

အိတ်ကပ်အနားစွန်းတစ်ဖက်ကို အပြာရောင်ကွတ်ထားသော ဂျင်းဘောင်းဘီတို အနက်ရောင်က အသားဖြူသော ဘတ်ဟျွန်းနဲ့ လိုက်ဖက်စွာပင်...။

မနေ့ကမှ ခေါင်းလျှော်ထားသောကြောင့် ဆံပင်တွေကခပ်ဖွာဖွာဖြစ်နေသည်။
ဒါမျိုးအနေအထားကိုပဲ ဘတ်ဟျွန်းက သဘောတကျ။

"မေမေရေ ကျွန်တော်နိုးပြီ''

မာတာမိခင်က အံ့သြတကြီးဖြစ်တာကို မသိချင်ယောင်ဆောင်ထားရသည်။

Limited Edition✨ (completed)Where stories live. Discover now