Twenty Five

1.7K 270 7
                                    

Unicode

ဆယ်ဟွန်းအရေးပေါ်ဖြစ်သည်ဆိုသည်နှင့်
ဘတ်ဟျွန်းတို့တစ်ဖွဲ့လုံး ဒယ်ဂူကိုအမြန်ပြန်လာကြသည်။
ဆိုးလ်ကို ရွှေ့ရမယ်ထင်ပေမယ့် ဒယ်ဂူကအထူးကုကြောင့် အသည်းအသန်အဆင့်ကနေသက်သာသွားခဲ့သည်။
ကံကောင်းတယ်ဟုဆိုရမည်ပင်။

ချန်းယောလ်တို့ အိမ်ကိုအကြောင်းကြားနေတုန်း ဂျုံအင်က ကားမောင်းထွက်သွားတာမို့ ဆေးရုံကို အရင်ဆုံးရောက်လာသူကဂျုံအင်ပင်ဖြစ်သည်။

ဟိုရောက်တော့ သူတို့ကိုတွေ့ချိန် ဆရာ့မျက်နှာပျက်နေသည်ကို သတိထားမိပေမယ့် ဘယ်သူမှမမေးမိ။
ဆယ်ဟွန်းနေမကောင်းသည်ကို စိတ်မကောင်းဖြစ်နေသည်ဟုသာ မှတ်ယူလိုက်သည်။

ဆေးရုံဝတ်စုံအပြည့်နှင့် ကုတင်ပေါ်မှာခြေဆင်းထိုင်နေသော ဆယ်ဟွန်းကိုတွေ့သည်နှင့် ဂျုံအင်ကအတင်းပြေးဖက်ပြီးငိုသည်။

ဒယ်ဂူကိုလာတဲ့ သုံးနာရီခရီးတုန်းက ဆယ်ဟွန်းရဲ့ဖြူဖျော့နေတဲ့ပုံကိုမြင်ရင် တုန်ပါတက်နေလောက်သည်။

"ရား ဟေ့ကောင် ဖယ်ကွ! နာရေးအိမ်လိုလာငိုမနေစမ်းနဲ့"

ဆယ်ဟွန်းမှာ သူ့ခန္ဓာကိုယ် ပေါ်ရောက်နေသော ဂျုံအင်ကို လက်ဖြင့်ပုတ်ထုတ်ကာဖယ်ခွာနေရသည်။

"ငိုမယ့်သူမရှိမှာစိုးလို့လည်း ငါကငိုပေးရသေးတယ် ကျေးဇူးမသိတတ်တဲ့ ချီးတုံးလိုကောင်"

ဂျုံအင်က တရှူးရှူးတရှဲရှဲဒေါသထွက်ကာ ပါလာသောမုန့်တွေကိုဟိုဆောင့်ချဒီဆောင့်ချလုပ်နေပြန်သည်။

ချန်းယောလ်တို့ပင် မုန့်ဝယ်ဖို့မေ့နေသည်ကို ဂျုံအင်ကတော့ မမေ့မလျော့ဝယ်လိုက်သေးသည်။
ဆယ်ဟွန်းတစ်ယောက်ကတော့ မုန့်ထုတ်တွေကိုကြည့်ပြီး ပြုံးစိစိနှင့်သာ။

မတည့်အတူနေမမြင်ချောင်းကြည့်သူငယ်ချင်းဆိုတာမျိုးက ဆယ်ဟွန်းတို့နှစ်ယောက်မှာဖြစ်တည်သည်။

...

...

...

စလာတုန်းကမျက်နှာပျက်နေသူမှာ ဆရာဖြစ်ပေမယ့်
ယခုအခါ မျက်နှာပူရမည့်သူမှာ ဘတ်ဟျွန်းတို့ပင်ဖြစ်သည်။

Limited Edition✨ (completed)Where stories live. Discover now