Nine

2.9K 413 21
                                    

Unicode

ထိုင်ပြီး စာလုပ်နေပေမယ့် ဘတ်ဟျွန်း စိတ်မ၀င်စား...။
လူလွတ်နေ‌သောချန်းယောလ်ရဲ့ ခုံကိုသာခဏခဏလှည့်ကြည့်နေမိသည်။

ချန်းယောလ်တကယ်ပဲ စိတ်ဆိုးသွားသည်ထင်သည်။

မနက်ကလည်း ကျောင်းသွားဖို့အစောကြီးပြင်ဆင်ပြီးစောင့်နေပေမယ့် ချန်းယောလ်ကပေါ်မလာခဲ့ပါ။

အနားမှာမရှိရင်တောင် အချိန်ပြည့်ဖုန်းဆက်ပြီး စိတ်ပူနေတဲ့လူက ဘတ်ဟျွန်းကိုအခုလိုပစ်ထားတော့
၀မ်းနည်းပြီးငိုချင်သလိုပင်ဖြစ်လာသည်။

မင်ဂီတို့အဖွဲ့ကလည်း ''အတန်းခေါင်းကသူ့ချစ်ချစ်မလာလို့မှိုင်နေပါတယ်''ဆိုပြီး စ,နေတော့
ငိုချင်ရက်လက်တို့သလိုဖြစ်ကာ မျက်ရည်ဝဲလာတော့တာမို့ တိတ်တိတ်မနေလျှင်တစ်ခန်းလုံးသန့်ရှင်းရေးလုပ်ရမည်ဟု ဖြဲခြောက်ထားရသည်။

"ရား! ရား! နင်တို့သိပြီးပြီလား"

တစ်ယောက်တစ်ပေါက်စကားပြောနေတဲ့ အခန်းထဲမှာ အမောတကောပြေးလာသည့် အပုလေး ခေါ် ဆိုမင်း၏ အသံကလွှမ်းမိုးသွားသည်။

"ချန်းယောလ် ကိုလေ!
ဂျန်ဟာနာ ဖွင့်ပြောနေပြန်ပြီ''

အမောတောင်မဖြေအား ရင်ဘတ်ကိုလက်နဲ့ဖိပြီးအသက်ရူလိုက် စကားပြောလိုက်လုပ်‌နေတဲ့ အပုလေးဟာ ဒါမျိုးနေရာဆိုသိပ်သွက်လွန်းသည်။

ညီမဖြစ်သူရဲ့ လက်ရဲဇက်ရဲမှုတွေကို သဘောမကျတဲ့ မီနာကတော့ ယပ်တောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး မျက်မှောင်ကြီးကြုတ်ထားသည်။

ဂျန်ဟာနာမှာ လက်ရှိတွဲနေတာ သုံးယောက်ရှိသည်လေ။
ဘယ်လိုကြောင့် ချန်းယောလ်ကို လာနွယ်နေပြန်သလဲဆိုတာ မီနာစဉ်းစားလို့မရ။

"ဘယ်နားမှာလည်း!"

"ကန်တင်း ကန်တင်းမှာ"

မင်ဂီ၏အမေးကိုပြန်ဖြေတဲ့ အပုလေးရဲ့စကားပင်မဆုံးလိုက်။
တစ်ခန်းလုံးအလောတကြီးပြေးထွက်သွားကြသည်။

ဂျုံအင်ကတော့ ဘတ်ဟျွန်းလက်ကိုအတင်းလာဆွဲနေသည်။
ဘတ်ဟျွန်းမလိုက်ချင်ဘူးဟုအတင်းငြင်းတော့
"မလိုက်ချင်နေကွာ''ဆိုပြီး သိပ်မစပ်စုရှာသော သကောင့်သားလေးက လှစ်ခနဲပျောက်သွားတော့တာပင်။

Limited Edition✨ (completed)Where stories live. Discover now