Twenty Eight

1.8K 294 19
                                    

Unicode

"အဲ့တော့ ဘေဘီ က ကိုယ့်ကို အံ့သြသွားအောင် surprise
လုပ်လိုက်တာပေါ့လေ ဟုတ်လား "

ချန်းယောလ်က သူနေတဲ့ တိုက်ခန်းပြန်ရောက်လို့
ဘတ်ဟျွန်းအထုတ်တွေ နေရာတကျချပြီးသည့်တိုင် နှုတ်ခမ်းကြီးစူပြီး မကျေမနပ် ဖြစ်နေတုန်း... ။

လေဆိပ်မှာ သူ့ကိုဖက်ပြီး အရူးကြီးလို ငိုခဲ့တာကို ပြန်စဉ်းစားမိ၍ ဘတ်ဟျွန်း အသံထွက်ရယ်မိကာမှ လက်ဖြင့်အမြန်ပြန်အုပ် လိုက်ရသည်။

"ဘေဘီ နော် ကိုယ့်ကိုလှောင်မနေနဲ့
သူတစ်ယောက်ပဲကြိတ်ပျော်နေတယ် အူပုတ်လေး
ကိုယ့်ကို လည်းအသိလေးဘာလေးပေးပါလား "

"........''

"ဒီမှာ ဟိုတွေးဒီတွေးနဲ့ အိပ်လို့တောင်မပျော်ဘူး''

ချန်းမျက်နှာက စူပုပ်နေပေမယ့် အမှန်တကယ်မှာ
အများကြီးပျော်ရွှင်နေတယ်ဆိုတာ ဘတ်ဟျွန်းသိပါသည်။
တစ်ယောက်ရဲ့စိတ်ကို တစ်ယောက်ကနားလည်နိုင်တာမို့
ချန်းယောလ်ရဲ့ခံစားချက်တွေကလည်း ဘတ်ဟျွန်းနှင့်ထပ်တူဆိုတာ တထစ်ချပြောနိုင်ပါရဲ့။

"မတွေ့ရတဲ့အတောအတွင်းမှာ ငါ့ကောင်လေးကချောလာလိုက်တာ "

ချန်းယောလ်ရဲ့ နဖူးပေါ်ကျနေတဲ့ ဆံပင်လေးကို ဘတ်ဟျွန်းလက်ကလေးဖြင့် သပ်တင်လိုက်တဲ့အခါ
ချန်းယောလ်ကမျက်လုံးမှိတ်ငြိမ်ခံနေပြီးမှ ထိုလက်ကလေးကို ချန်းယောလ်ရဲ့လက်ဖဝါးနွေးနွေးက ပြန်ထပ်ကိုင်လာသည်။

"အဲ့လိုချောလွန်းတဲ့ကောင်လေးကို အာဘွားမပေးချင်ဘူးလား "

ချန်းယောလ် နှုတ်ခမ်းကြီးစူပြီး ဘတ်ဟျွန်းမျက်နှာအနားကပ်လာသောကြောင့် ဘတ်ဟျွန်းမှာ မြန်မြန်ဆန်ဆန်ပင် လက်ဖဝါးလေးဖြင့်ကာလိုက်ရသည်။

"ဘာလို့လဲ ဘေဘီ ရဲ့နမ်းမယ်လေကွာ နမ်းမယ်လေ "

"တစ်ညလုံး လေယာဉ်စီးခဲ့ရတာ ချွေးနံ့တွေထွက်နေပြီ
ရေမချိုးရသေးပါဘူးဆို "

"ချွေးနံ့ထွက်လည်း ကိုယ်ကချစ်တယ်
ညစ်ပတ်လည်းကိုယ်ကချစ်တယ် "

ရုန်းထွက်ချင်နေသော ဘတ်ဟျွန်း ကိုယ်လေးကို ချန်းယောလ်က မရမက လိုက်ဖက်နေသည်။
သူဘယ်လောက်တောင်တမ်းတခဲ့ရလဲ။

Limited Edition✨ (completed)Where stories live. Discover now