Twenty Three

2.1K 282 4
                                    

Unicode

ဘတ်ဟျွန်းကိုကုတင်ထက် သာယာစွာချပေးရင်း အနမ်းတွေကမရပ်တန့်နိုင်....။
နှုတ်ခမ်းနှစ်လွှာ အပေးအယူမျှတစွာ ညင်ညင်သာသာ စီးမျောနေပုံက ဘတ်ဟျွန်းနှုတ်ခမ်းလေး တိမ်တွေပေါ်ရောက်နေသည့်အလား။

အနမ်းကအစဒီကောင်လေးကသူ့ကိုသိပ်တန်ဖိုးထားတတ်သည်။
ဘတ်ဟျွန်းမှာအူယားလွန်းလို့ ချန်းယောလ်လက်မောင်းတွေက်ိုဆုပ်ကိုင်ထားပြီး နူးနူးညံ့အနမ်းတို့ကိုခံယူနေမိသည်။

"အွန်း"

နှုတ်ခမ်းတို့မှဖယ်ခွာကာ လည်တိုင်ထိလျှောဆင်းလာသောကြောင့် အသံထွက်ညည်းမိသည်အထိ။

တဖန် ဝတ်ထားသည့် အင်္ကျီအဖြူလေးကိုလိပ်တင်ကာ
ဘတ်ဟျွန်း ဗိုက်ဖြူဖြူလေးကို သွားဖျားလေးနှင့်တတိတိကိုက်နေပြန်သည်။

"အာ့...ချန်း.....!"

ဘတ်ဟျွန်းအသံကြားမှ သတိပြန်၀င်ကာ ဆတ်ခနဲမော့ကြည့်လာသော ချန်းယောလ်မျက်၀န်းမှာ စိုးရိမ်မှုတို့အထင်းသား။

"ဆောရ်ီး..ဘေဘီကိုယ်စိတ်လောသွားတယ်
ကိုယ်တောင်းပန်ပါတယ်"

ဘတ်ဟျွန်းကိုယ်လုံး လေးကိုဆွဲထူကာ ရင်ခွင်ထဲကိုမချင့်မရဲဆွဲသွင်းထားမိသည်။

"ဟင့်အင်း...ချန်း...ငါကချန်းကိုချစ်လို့.."

ရင်ခွင်ထဲကအဖြူလုံးလေးကိုငုံ့ကြည့်မိတော့
မျက်၀န်းလှလှမှာ မျက်ရည်စလေး ရိပ်ရိပ်မြင်ရသည်။

ဘတ်ဟျွန်းပါးလေးကို ခပ်ဖွဖွအုပ်ကိုင်ကာ
စီးကျလာတော့မည့် မျက်ရည်စလေးကို လက်မဖြင့်အသာပွတ်ပေးလိုက်သည်။

"ကို‌ယ် ဘေဘီ့ကိုအရမ်းတန်ဖိုးထားတာသိတယ်မလား..."

ခေါင်းကိုတစ်ဆတ်ဆတ်ငြိမ့်ကာ ခါးကိုဖက်၍ ရင်ဘတ်ပေါ်သို့မျက်နှာအပ်လာသည့် ကောင်လေးကို ချန်းယောလ်သည်လည်း တင်းတင်းကျပ်ကျပ်ပြန်ပွေ့ဖက်ထားမိသည်။

"ဘေဘီအိပ်တော့နော်..ကိုယ်ချော့သိပ်မယ်"

ဘတ်ဟျွန်းကိုယ်လုံးလေးကိုအိပ်ယာပေါ်ဆွဲလှဲကာ
နဖူးထက်ခပ်ဖွဖွအနမ်းပေး၍ ခေါင်းလေးကိုပွတ်ပေးနေလိုက်သည်။

Limited Edition✨ (completed)Where stories live. Discover now