Twenty Seven

1.7K 272 21
                                    

Unicode

သုံးနှစ်တဲ့....။

ဘတ်ဟျွန်းပြောနေကျ 365ရက် သုံးခါမြောက်...။

ဘတ်ဟျွန်းတို့ နောက်ဆုံးစာမေးပွဲဖြေပြီးတိုင်း နားချိန်ရပေမယ့်
ကနေဒါကကုမ္ပဏီကို ထိန်းသိမ်းဖို့တာဝန်တစ်ခုခေါင်းပေါ်ရွက်ထားရတဲ့ ချန်းယောလ်မှာတော့ ပြန်လာဖို့မပြောနှင့် နားချိန်ပင်မရှိ။

ငယ်ငယ်ကတည်းက ဉာဏ်အရမ်းကောင်းလွန်းတဲ့ ချန်းယောလ်ဟာ သုံးနှစ်အတွင်းမှာပင် ကုမ္ပဏီတစ်ခုလုံးကို ထဲထဲဝင်ဝင် စီမံအုပ်ချုပ်နိုင်ခဲ့သည်။
ကျောင်းသား CEO လေးအကြောင်း သတင်းထဲအထိပါလာတော့ ဘတ်ဟျွန်းမှာဂုဏ်ယူမဆုံးဖြစ်ရတာပဲ။

တတိယနှစ် နောက်ဆုံးစာမေးပွဲကို ဒီနှစ် ချန်းယောလ်တို့ကျောင်းထက် ဘတ်ဟျွန်းတို့စော၍ဖြေရသည်။
ဘတ်ဟျွန်းဆို့ဆိုင်က လူအများကြီးငှါးထားနိုင်တော့ ဘတ်ဟျွန်းဘာမှကူလုပ်စရာမလိုပါ။
ဒါကြောင့်ပဲ ကျောင်းပိတ်ရက်အားယားနေခဲ့သည်။

"ချန်းရေ ဖိုက်တင်း!♥︎''

ချန်းကို စာတစ်စောင်လှမ်းပို့ပြီး ကြယ်တွေကိုရေတွက်နေခဲ့သည်။
ဒီချိန် စာမေးပွဲခန်းထဲရောက်နေမယ့် ချန်းကတော့ ဘတ်ဟျွန်းနာမည်(Bနဲ့H)ကိုပေါင်းပြီး တစ် တွေရွေးဖြေနေဦးမလား...။
ချန်းအကြောင်းတွေးတာနဲ့ ကြည်နူးရပါရဲ့။

ဖြတ်ခနဲ ကြွေကျသွားတဲ့ကြယ်က ချန်းအစစအရာရာအဆင်ပြေဖို့ဆုတောင်းကို ဆက်ဆက်ဖြည့်ပေးပါလေ။

ဖုန်းမျက်နှာပြင်ပေါ်က ချန်းရဲ့ပုံလေး...။
ရိတ်ထားတာမကြာသေးတဲ့ နှုတ်ခမ်းမွှေးရေးရေးလေးတွေ...။
တလက်လက်တောက်ပနေသယောင် မျက်လုံးဝိုင်းဝိုင်းတွေ...။
မထိတွေ့ရတာကြာနေပြီဖြစ်တဲ့ အမြတ်နိုးရဆုံးနှုတ်ခမ်းဖူးဖူးလေး...။
လက်မလေးနှင့် screen ကိုခပ်ဖွဖွပွတ်သပ်မိတော့ နင့်ခနဲ...။

"ချန်းကိုတွေ့ချင်လိုက်တာ....အီး ဟီး...''

"ငါတကယ်ရူးတော့မလိုပဲသိလား ချန်းရဲ့''

"မင်းကိုလွမ်းနေပြီလို့!!''

တစ်ညလေးပါပဲ ဒီတစ်ညလေးတော့ အော်ငိုမိခဲ့သည်။
နင့်နင့်နဲနဲ ငိုချခြင်းထဲမှာ ဘာမျှော်လင့်ချက်မှမပါခဲ့ပါ။
ချန်းယောလ်ဆိုသူကိုသတိရလွန်းလို့သာ...။

Limited Edition✨ (completed)Where stories live. Discover now