Seventeen

2.4K 344 38
                                    

Unicode

ယောက္ခမတွေနှင့် ပထမဦးဆုံးတွေ့ဆုံမှုဖြစ်ကာ ထမင်းဝိုင်းမှာ အပ်ကျသံပင် ကြားနိုင်လောက်အောင် တိတ်ဆိတ်နေသည်။

ဇွန်းနှင့်ခရင်း ကိုင်ထားသောဘတ်ဟျွန်းလက်တွေပင်တုန်ချင်နေပြီ ဖြစ်သည်။
ချန်းယောလ်ကဘယ်လိုပဲ မကြောက်ဖို့ပြောထားပါစေ
သူကတော့ခြေဖျားလက်ဖျား တွေပါအေးစက်နေသည်။

"မင်းနာမည်က"

"အာ..‌ဗြောင်...ဗြောင်ဘတ်ဟျွန်းပါခင်ဗျ"

ယောက္ခထီးကြီးရဲ့ အသံမာမာကြောင့် ဘတ်ဟျွန်းမှာစကားတွေပါ အထစ်ထစ်ဖြစ်ကုန်သည်။
ဟိုတစ်နေ့က စွာတေးလန်ထားတဲ့ ကိုယ့်ကိုယ်ကိုယ်ပြေးရိုက်ချင်စိတ်ကတဖွားဖွား...။

ချန်းယောလ်ကိုလှည့်ကြည့်တော့ ဘတ်ဟျွန်းကြိုက်တတ်သည့်ဟင်းများကိုဘတ်ဟျွန်းပန်းကန်ထဲရွေးထည့်ပေးနေတာပင်မပျက်။

ဘတ်ဟျွန်းကသာကြောက်‌နေပေမယ့် သူကတော့အေးဆေးစွာပင်..။

"ဆိုရာ သခွားသီးတွေမထည့်နဲ့လို့ငါမှာထားတယ်လေ"

"ဟုတ် တောင်းပန်ပါတယ်သခင်လေး"

အိမ်အကူကောင်မလေးမှာ ချန်းယောလ်ကို ခါးကျိုးမတတ်တောင်းပန်ကာ
ပန်းကန်ထဲရှိသခွားသီးများကိုဖယ်ထုတ်သွားသည်။

ဧည့်သည်လာမှာမို့ဆိုပြီး တစ်ရက်တာအလုပ်လာလုပ်ရတာကြောင့်သာတော်လိမ့်မည်။
နေ့စဥ်ရက်ဆက်သာဆို သခင်လေးဆိုသူကြောင့် အသက်တိုရလိမ့်မည်ထင်၏။

ဒါတောင်သကောင့်သားလေးက အသုံးမကျဘူးဟု ဆူလိုက်သေးသည်။
ချန်းယောလ်ရဲ့ မမြင်ဖူးသည့်အပိုင်းကိုမြင်လိုက်ရသောကြောင့် ဘတ်ဟျွန်းမှာ ခပ်လန့်လန့်။
အိမ်မှာဆို ဒီကောင်လေးက အရမ်းကြောက်စရာကောင်းတာပဲလား တွေးနေရသည်။

ယခုအခြေအနေအရ ဘတ်ဟျွန်းမှာ တစ်မိသားစုလုံးကိုရှိန်နေရသောကြောင့် တံထွေးမျိုချ၍
ရေထည့်ထားသည့်ဖန်ခွက်ကိုအသာကောက်ကိုင်လိုက်သည်။

"ဘေဘီ ဟင်းမကြိုက်လို့လား..ဟင်"

"ဟင့်အင်း...ကြိုက်တယ်"

Limited Edition✨ (completed)Where stories live. Discover now