Three

3.4K 431 26
                                    

Unicode

ဘတ်ဟျွန်းမနေ့ကဆုံးဖြတ်ထားသည့်အတိုင်း ဒီနေ့ကျောင်းမသွားဖြစ်ပါ။
သို့သော် အလုပ်ရှိတာမို့ အစောကြီးထရသည်။

အခုဆို ဘတ်ဟျွန်းတစ်ယောက် မာမီမားသား၏ ဟိုခိုင်းသည်ခိုင်း ခိုင်းမှုတွေကြောင့် နားပူနေရပြီဖြစ်သည်။

ဟိုဘက်တစ်လမ်းကျော်ကို orderသွားပို့ခိုင်းနေတာကြောင့်လည်း ဘတ်ဟျွန်းမှာသွားပို့ပေးနေရသည်။

ဘတ်ဟျွန်းတို့မိသားစုက "ပင်လယ်စာပန်ကိတ်"ဆိုင်လေးဖွင့်ထားလို့စီးပွားရေးတော်တော်အဆင်ပြေလှသည်။

တစ်နေ့တစ်နေ့ရောင်းရသည်မှာလဲမနည်းပင်။
‌ကျောင်းပိတ်တဲ့နေ့တွေဆိုဘတ်ဟျွန်းပါဝိုင်းကူပေးတာတောင်လက်မလည်ချင်။

အိမ်မှာနေပေမယ့် မနားရတဲ့ဘတ်ဟျွန်းဟာ အတန်းထဲမှာနှပ်နေလောက်မယ့် ဂျုံအင်ကိုတွေးမိတော့ နှုတ်ခမ်းထော်သွားရသည်။

ဆရာတွေကအရှေ့ကစာသင်‌နေတဲ့အချိန်သူက‌နောက်ဆုံးအတန်းက‌နေ‌ အေးဆေး မေးထောက်ပြီးငိုက်နေမှာအသေအချာ...။

မိန်းကလေးတွေခိုးကြည့်နေတဲ့အချိန် သွားရေတွေကျနေပါစေ သူငယ်ချင်းရေ...။

ဟိဟိ!

"ဘာရယ်နေတာလဲ"

"အမ်''

ခပ်အုပ်အုပ်အသံက ဘတ်ဟျွန်း ဒီရက်ပိုင်း အမှတ်မိဆုံးအသံ။
ပြန်အလာမှာခေါင်းငုံ့လမ်းလျှောက်လာတဲ့ ဘတ်ဟျွန်းက အလျင်အမြန်ပဲမော့ကြည့်မိလိုက်သည်။

အိမ်ရှေ့ထိလာပြီး ဟောက်စားလုပ်နေတဲ့အဆိုးအပေသည် ဘတ်ဟျွန်းကိုဘယ်ဘဝထိနှိပ်စက်ဖို့ရည်ရွယ်ထားလဲမသိပါ။

ဘတ်ဟျွန်းအိမ်ရှေ့မှာ ဆိုင်ကယ်ကိုမှီပြီး လက်ပိုက်ထားတဲ့ပုံကို ဘတ်ဟျွန်းခဏတော့ ငေးကြည့်နေမိသည်။

ရှပ်အင်္ကျီအဖြူကိုတံတောင်ဆစ်ထိလက်ခေါက်တင်ထားသောကြောင့် သွေးကြောစိမ်းစိမ်းများကအထင်းသားပေါ်လွင်နေသည်။

"ဟိတ် မေးနေတယ်လေ"

တင်းတင်းစေ့ထားသောနီဆွေ့ဆွေ့နှုတ်ခမ်းနှင့် ဝိုင်းစက်နေသော မျက်ဝန်းစူးရှရှတို့က ခပ်ဆိုးဆိုးကျောင်းသားတစ်ယောက်ဆိုတာ ပြောပြနေသယောင်။
ဒါပေသည့် အလွန်ကြည့်ကောင်းနေတာကိုတော့ ငြင်းမရ....။

Limited Edition✨ (completed)Where stories live. Discover now