Twenty

2K 346 36
                                    

Unicode

မျက်နှာကိုတစ်ချက်ပဲထိုးမိတာကြောင့် ဒဏ်ရာတွေက အရမ်းကြီးသိသာမနေ။
ဗိုက်ကတော့ အောင့်နေသေးသည်။

တစ်ညအနားယူလိုက်တာနဲ့ ယောင်နေတဲ့နေရာကသက်သာသွားသည်။

မျက်နှာမှာဘာမှဆိုးဆိုးဝါးဝါးမဖြစ်၍သာတော်တော့သည်။
နို့မို့ဆို မာမီမားသားရဲ့ပူညံပူညံကို အဆက်မပြတ်ကြားရတော့မှာ။

အရောင်ကျသွားတဲ့မျက်နှာကို ရေခဲနဲ့နည်းနည်းဖိကပ်လိုက်ပြီး အိမ်ပြန်လာခဲ့သည်။
ချန်းယောလ်ကလိုက်ပို့ပေးမည်ဆိုသော်လည်း နှုတ်ဆက်ပွဲသွားချိန်နောက်ကျနေမှာစိုး၍ လိုက်မပို့ခိုင်းလိုက်တော့...။

မနေ့ကကျောင်းသားတွေသီးသန့်နှုတ်ဆက်ကြပေမယ့် ဒီနေ့တော့ဆရာတွေကိုနှုတ်ဆက်မှာပင်...။

မသွားမဖြစ်သွားကိုသွားရမည်ဖြစ်သည်။

အိမ်ရောက်တော့ မေ​မေက ဆိုင်ကိုသွားလေပြီ။
ဒါလည်းတစ်မျိုးကောင်းသည်လေ။

ကျောင်းဝတ်စုံဝတ်စရာမလိုတော့၍ သေချာလေးသာပြင်ဆင်လိုက်တော့သည်။

...

...

...

ပေါင်မုန့်မီးကင်ကို ရန်သူလိုသတ်မှတ်ပြီး အတင်းကိုက်စားနေတာကတော့ နှစ်ယောက်မရှိတဲ့ချန်းယောလ်ဖြစ်သည်။

ဖုန်းကိုမျက်တောင်မခတ် ကြည့်နေပြီး ပါးစပ်ထဲကပေါင်မုန့်မီးကင်ကို ဘောက်ဆတ်ဆတ်နဲ့ ဝါးနေသည်။

မျက်မှောင်ကလည်းကြုတ်ထားလျက်သား။

ချစ်သူကောင်လေးတစ်ယောက်ရှိပါရဲ့။
စိတ်မချတွေဖြစ်ရတာနဲ့တင် အသက်တိုလိမ့်မည်။
ဂုတ်ပိုးကိုနာနာသာဖိထားမိသည်။

ဗြောင်မျိုးရိုးလေးဟာ ဓာတ်ပုံပို့သည်လေ။

ရှပ်အင်္ကျီအဖြူလွလွပေါ်မှာ နက်ပြာရောင်ခေါင်းစွပ်လက်ရှည်ကိုကြယ်သီးမတပ်ဘဲဟ,ထားသည်။
အင်္ကျီလက်ကို တံတောင်ဆစ်အထိတင်ထားတော့ လက်မောင်းပေါ်က သွေးကြောလေးတွေကအထင်းသား။

ချန်းယောလ်သဝန်အရမ်းတိုတဲ့ နှဖူးလှလှလေးကိုမှ လှန်တင်ထားလိုက်သေးသည်ဆိုတော့ကာ...။

Limited Edition✨ (completed)Where stories live. Discover now