Final Chapter

2.3K 257 16
                                    

Unicode

ရွှေအိုရောင်စာလုံးတွေနဲ့ Park လုပ်ငန်းစုဟူ၍ သားနားစွာရေးထားသော ကုမ္ပဏီကြီးသည် CEO လာသည်နှင့်ပို၍ခမ်းနားသွားတတ်သည်ဖြစ်ရာ ယခု
CEO၏ ကောင်လေးပါ ပါလာ၍ မျက်စိကျိန်းလောက်သည်အထိ အရှိန်အဝါတစ်ခုကိန်းအောင်းနေပါ၏။

အနက်ရောင်ဝတ်စုံပြည့်ဆင်တူက ငွေဖြူရောင်ခေါင်းဆင်တူတို့နှင့် လိုက်ဖက်စွာ ပြည့်စုံနေကြသည်။
Long coat ဆင်စွယ်ကွက်ကျားကိုပုခုံးနှစ်ဖက်ပေါ်အုပ်တင်ကာ တစ်လှမ်းချင်းလျှောက်လာသည့် CEO က သူ့ကောင်လေးကို တယုတယလေးလှည့်ကြည့်နေသေးတာ...။
သူကောင်လေးကတော့ တောက်တောက်ပပပြုံးနေတာများ...။

CEO ညကအသည်းအသန်ဖုန်းဆက်ပြင်ဆင်ခိုင်းတာကြောင့် ဂျာကြီးတွေရော လက်ထောက်တွေပါ ယခုထိမအိပ်ရသေးပါ။
ဒါပေမယ့် CEOတို့အတွဲကိုပိုမြင်ချင်နေကြတာကြောင့် မအိပ်ရသေးတာကိုပင် ဂရုမစိုက်ကြ...။

ရှေ့မျက်နှာစာမှာမြင်နေရသော CEOတို့အတွဲကိုသာ အပေါ်ထပ်မှန်ပြင်ကနေ တိုးလျှိုးကြည့်နေကြတော့သည်။

"ပေါ့ပေါ့ပါးပါးလေးကို ကောင်းတာလေးဝတ်လာလို့ရရဲ့သားနဲ့ချန်းရယ်
အခုက ပွဲတက်နေရသလိုပဲ''

ကွက်တိကျနေသည့် ကုတ်အင်္ကျီအနက်ရောင်လေးကို ဟိုကိုင်ဒီကိုင်လုပ်ကာ မနေတတ်ဖြစ်နေသည့်ကောင်လေးငယ်...။

ဘာကိုမှမသိသေးသောကောင်လေး အနေခက်နေပုံလေးကိုချစ်လွန်းလို့ ပါးကိုတစ်ချက်နမ်းမိတော့ 'မြင်ကုန်မယ် ချန်းကလည်း' ဆိုတဲ့အသံစူးစူးလေးထွက်လာသည်။

"မမြင်မြင်အောင်ကို လာပြတာပဲလေ''

ချန်းယောလ်ရဲ့နှုတ်ခမ်းတစ်ဖက်အပေါ်တက်ကာပြုံးလိုက်သည့်ပုံက အလွန်မတန်မှ ကြည့်ကောင်းလွန်းပါသည်။

"CEO! CEO! ခဏလောက်လာပါဦးဗျာ''

ခပ်သုတ်သုတ်ပြေးဆင်းလာတဲ့ မန်နေဂျာနောက်ကို ချန်းယောလ်ကြောင်ကြောင်လေးလိုက်သွားရသည်။

Limited Edition✨ (completed)Where stories live. Discover now