Twenty Six

1.6K 263 10
                                    

Unicode

ဗြောင်ချန်းယောလ်တစ်ယောက်
ကနေဒါတစ်ခေါက်သွားရဖို့အရေး အသည်းအသန်တွေပြာယာခတ်နေသည်။

ငါးရက်သာလိုတော့သည်ကို လိုအပ်တာပြင်ဆင်ရမည့်အစား ဒီနေ့တစ်နေ့လုံး vlogတစ်ခုရိုက်ဖို့ စီစဉ်နေသည်တဲ့။
ဘတ်ဟျွန်းက ဘာမှနားမလည်..။

"ဘေဘီက ပုံမှန်အတိုင်းလေးနေရင်ရတယ် ဘာမှမလိုဘူး''

ကားထဲ၌ ဘတ်ဟျွန်းထိုင်သည့်ခုံရှေ့တွင် ဖုန်းကိုထောင်၍ tapeနှင့်ကပ်ကာ ကင်မရာချိန်နေသောချန်းယောလ်က ဘတ်ဟျွန်းကိုပေါ့ပေါ့ပါးပါးလေးနေဖို့ ပြောပြသည်။

"အဲလို tape နဲ့ကပ်လို့ ခိုင်ပါ့မလား''

"ကိုယ်လုပ်နေကျပါ ဘေဘီကလည်း''

ဘတ်ဟျွန်းပါးလေးကို ခပ်ဖွဖွလေးဆွဲဖျစ်ပြီး ပြုံးနေသည့်ချန်းယောလ်ကို ဘတ်ဟျွန်းငေးကြည့်နေမိသည်။

ဘတ်ဟျွန်းသဘောကျရတဲ့ မျက်လုံးဝိုင်းဝိုင်းတွေက အနည်းငယ်ရဲလို့နေသည်။
ဘတ်ဟျွန်းအနည်းငယ်ဆို့နင့်လာ၍ မျက်တောင်တို့ကိုပုတ်ခတ်ပုတ်ခတ်လုပ်ကာ အကြည့်လွှဲလိုက်မိသည်။

အခုချိန်မှာ ဘာကိုမှ တွေးမနေချင်ပါ။

ဘတ်ဟျွန်းလက်ချောင်းတွေကြား ချန်းယောလ်လက်ချောင်းတွေယှက်နွယ်လာလို့ ခပ်တင်းတင်းလေးဆုပ်ကိုင်လိုက်သည်။
သာမန်နေ့တွေထက်ထူးခြားသလိုခံစားရပြီး
တစ်စုံတစ်ရာက ရင်ဘတ်တစ်ခုလုံးကို သိမ့်သိမ့်လေးကိုင်လှုပ်နေသယောင်...။

လှည့်ပြီးပြုံးပြလာတဲ့ ဘတ်ဟျွန်းပုံရိပ်လေးက ကင်မရာထဲမှာ တောက်ပစွာရှိနေ၏။
အင်္ကျီပွပွလေးကြားမှာမြုပ်နေသည့် ဗိုက်ထဲထည့်ထားချင်စရာကောင်လေးက အသည်းယားဖွယ်အတိ...။

ထို vlogလေးဟာ ချန်းယောလ်တစ်ယောက်တည်းသာကြည့်ခွင့်ရမယ့် ချန်းယောလ်ရဲ့မူပိုင်။
ချန်းယောလ်ရဲ့ အမက်မောဆုံးပိုင်ဆိုင်မှုလေးတစ်ခုဖြစ်သည်ပင်။

...

...

...

"ချန်းယောလ်ရား!!! မင်းဘိုးတော်ကြီးက ရက်စက်လိုက်တာကွာ''

Limited Edition✨ (completed)Where stories live. Discover now