Two

3.7K 455 7
                                    

Unicode

ဆယ်ကျော်သက်အရွယ်က ကျောင်းမှာတန်ဖိုးရှိရှိကုန်ဆုံးသွားတာမျိုးပဲ ဖြစ်သင့်တယ်ထင်တာမို့
ဒီနေ့ ကျောင်းကိုအစောကြီးသွားဖို့ ဘတ်ဟျွန်း ပြင်ဆင်ထားသည်။

ဒီနေ့ဆိုတာထက်
အတန်းခေါင်းဆောင်ဖြစ်တဲ့ဘတ်ဟျွန်းက နေ့တိုင်း သူများတွေထက်စောစောရောက်နေသင့်တယ်လို့လည်း တွေးလိုက်သေးသည်။

"အိုက်ယား ငါလေးလည်း ဆယ့်ရှစ်နှစ်နဲ့မလိုက်အောင် တာဝန်တွေထမ်းထားရတာပဲ''

ဘတ်ဟျွန်းရေရွတ်လိုက်တဲ့ချက်ချင်း မေမေက ''ရူးနေပြီ'' ဆိုပြီးမစာမနာပြောသည်။
ကိုယ့်သားလေးတစ်ယောက်ရှိတာကိုဘယ်တော့မှအကောင်းမပြောဘူး။

ဗြောင်အာဂျီးမားရဲ့ ဆက်တိုက်ထွက်လာတော့မယ့် ပေါက်ပေါက်ဖောက်မှုတွေကို နားမခံနိုင်တော့လို့ မနက်စာမစားတော့ပဲ ကမန်းကတန်းပြေးထွက်လာခဲ့သည်။

"ကျောင်းရောက်မှ ဝယ် စ ....ဟူး''

ဝယ်စားဆိုတဲ့အသုံးအနှုန်းက ဘတ်ဟျွန်းအတွက်မဖြစ်ပေါ်လာခဲ့ပါ။
ကျောင်းအုပ်ခိုင်းထားသည့် စာအုပ်နှစ်ဆယ်ကို အခုထိ ကူမစစ်ရသေးဘူးလေ။
နှစ်နှစ်စာ ပျမ်းမျှအောင်စာရင်း အထပ်လိုက်ကြီးက ပီဇာဘူးတွေသာဖြစ်လိုက်မည်ဆိုလျှင် ဘယ်လောက်ကောင်းလိုက်မလဲ။

ခေါင်းသုံးချက်လောက်ခါပြီး အခန်းထဲဝင်သွားတော့ အခန်းထဲမှာ အဆိုးအပေကောင် ရောက်နေတာကိုမြင်လိုက်ရသည်။

"အားရှီး....အလကား! အလုပ်မရှိအလုပ်ရှာ အစောကြီးဘာကိစ္စရောက်နေတာလဲ...။
သူများတွေလိုအိမ်မှာအိပ်နေပါလား သောက်ကလေးရဲ့''

မျက်မှောင်အသားကုန်ကြုတ်ထားတဲ့ ဘတ်ဟျွန်းဟာ စိတ်ထဲမှာ အသံကောင်းထပ်ဟစ်လိုက်ပြီး စာအုပ်တွေထုတ်လိုက်သည်။
အခုထိ လှုပ်ပင်မလှုပ်သေးတဲ့သူက ဘတ်ဟျွန်း၀င်လာတာကိုပင်သိပုံမရ....။

ထားပါလေ သူ့လိုလူမျိုး မသိတော့ဘာဖြစ်လဲ။
မပတ်သက်ချင်လွန်းလို့။

ထူးဆန်းသည် တော်တော်လေးထူးဆန်းသည်။
ဘတ်ဟျွန်း အကုန်ပြီးစီးသွားသည်အထိ တုတ်တုတ်မျှမလှုပ်သေး။

Limited Edition✨ (completed)Tempat cerita menjadi hidup. Temukan sekarang