Thirteen

2.5K 362 18
                                    

Unicode

"ရန်ဖြစ်ကြပြန်ပြီလား ဟိတ်ကောင်တွေ!!!!!''

ကျောင်းအုပ်က ဒေါသတကြီးအော်ဟစ်လာတဲ့အချိန် မီနာရဲ့ဘေးမှာ မင်ဂီရှိမနေတော့ဘူး။
ကြောက်တဲ့နေရာမှာနှစ်ယောက်မရှိတဲ့ ထိုသူငယ်ချင်းဟာ ကျောင်းအုပ်အသံကြားတာနဲ့ ပျောက်သွားတော့တာပင်။

မြက်ရိတ်စက်နဲ့ သားနားစွာရိတ်ထားတဲ့ ကျောင်းရှေ့က မြက်ခင်းပြင်စိမ်းစိမ်းပေါ်မှာ ချန်းယောလ်က ပက်လက်လဲကျနေပြီး ဘတ်ဟျွန်းက အပေါ်ကနေအုပ်မိုးထားသည်။

လက်သီးသေးသေးလေးနဲ့လည်းရွယ်ထားသေးသည်။
စာကျက်ဖို့ကျောင်းရှေ့လာထိုင်နေတဲ့မီနာက မြင်သမျှအလုံးစုံကို သိပေမယ့် ကျောင်းအုပ်ကတော့မတူဘူးလေ...။

ချန်းယောလ်ကိုမြင်ပြီဆိုကတည်းက ဒါဟာရန်ဖြစ်နေတာလို့ တစ်ထစ်ချတွက်ယူလိုက်ပုံပေါ်သည်။
ချန်းယောလ်ပြောင်းလဲသွားတာကို ကျောင်းအုပ်သိမှမသိတာ။

"ဆ ဆရာကြီး''

ကြောက်စရာမျက်နှာထားနဲ့ ရှေ့မှာလာရပ်နေသော ကျောင်းအုပ်ကို မြက်ခင်းပေါ်ကနေ ကုန်းရုန်းထကာ ပြာပြာသလဲ အရိုအသေပေးနေကြတဲ့နှစ်ယောက်...။

"မင်း! ရန်ဖြစ်ပြန်ပြီလား''

ကျောင်းအုပ်က ချန်းယောလ်ကိုလက်ညှိုးထိုးပြီး မေးလာသည်။
ဘတ်ဟျွန်းရှိနေတဲ့အတွက် ကျောင်းအုပ်လေသံကမာမနေဘူး။
ဘတ်ဟျွန်းက အဲလိုအချစ်ခံလေး...။

"ကျွန်တော်တို့ရန်မဖြစ်ပါဘူး''

"မဟုတ်ဘူးဆရာကြီး ဒီနှစ်ယောက်က ရန်ဘက်တွေ
အမြဲတမ်းထိုးသတ်ချင်နေကြလို့ ခုံပါခွဲထားရတာ''

ကန်တင်းကနေကြက်ကြော်ဝယ်ပြီးပြန်လာတဲ့ ဂျုံအင်က ချန်းယောလ်ရဲ့အငြင်းကိုထပ်ငြင်းသည်။

တစ်ခါလောက်လေးတော့ ညှောင့်ပေးမှရမှာဟုဂျုံအင်ခံယူထားသည်။
အမြဲတမ်းနှုတ်ခမ်းနဲ့ထိုးသတ်ကြတယ်ဆိုတာကိုတော့မပြောတော့ပါ။
ကလေးက ဒါမျိုးတွေဘာမှမသိ။

"မြင်လားပြောကုန်ပြီ! သွားကြသွား သုံးပတ်ပြေး''

အတင်းပြေးခိုင်းနေတဲ့ကျောင်းအုပ်ဟာ ဘတ်ဟျွန်းတို့နှစ်ယောက်မပြေးမချင်း ရပ်စောင့်နေမည့်သဘောရှိသည်။

Limited Edition✨ (completed)Where stories live. Discover now