Four

3K 419 22
                                    

Unicode

စာသင်ချိန်မှာ ပထမဆုံးအချိန်က နည်းနည်းတက်ကြွပေမယ့်
ဒုတိယအချိန်ရောက်တာနှင့် အားလုံးက အိပ်ငိုက်လာကြပြီ။

ကျောင်းအုပ်သမီးနှင့် ကျောင်းအုပ်တူမ ပြီးတော့ သူတို့ရဲ့သူငယ်ချင်းတွေ....။
ထိုကောင်မလေးတွေဟာ အိပ်တဲ့သူတွေကို စိတ်အနှောင့်အယှက်ပေးရန် တမင်ရည်ရွယ်နေသလားပင်ထင်ရသည်။

အနံ့အီလည်လည် လက်သည်းဖျက်ဆေးတွေက တစ်တန်းလုံးကို မူးနောက်စေရုံသာမက ထွက်ပြေးချင်စိတ်ပါပေါက်စေသည်။

ဆံပင်ဆေးမဆိုးရသည့်စည်းကမ်းရှိ၍ ခေါင်းဖြူ ခေါင်းနီတွေတော့ မမြင်ရ....။

ခိုးဖြောင့်လာကြသည့် ဆံပင်တွေဆီက ဖြောင့်ဆေးနံ့...။
ရေမွှေးတွင်းထဲကို ပြုတ်ကျထားသည် ထင်ရသည့် ရေမွှေးနံ့စူးစူး....။

ဒါတွေကို ဘတ်ဟျွန်းခံနိုင်ရည်မရှိ...။
ခေါင်းတွေပါကိုက်လာသည်။

အဆိုးအပေဆီကိုလှည့်ကြည့်လိုက်တော့ ဘတ်ဟျွန်းကိုကြည့်နေသောမျက်လုံးများနှင့်ဆုံသည်။

~အားရှီး ဘာကိစ္စသွားကြည့်တာတုန်း။
ဒီခေါင်းက အငြိမ်ကို မနေနိုင်ဘူး...။~

နောက်ဆုံး ဘတ်ဟျွန်းစိတ်တိုရတဲ့သူက ကိုယ့်ကိုယ်ကိုယ်ပါပဲ။

ဆက်ပြီးတောက်လျှောက်ကြည့်နေတာကို ခံစားမိနေတော့
ကျောပင်ချမ်းလာသလိုလို...။

ခေါင်းကိုက်တာတွေလည်းမရှိတော့ပဲ တုန်တုန်ယင်ယင်ကြီးသာဖြစ်နေတော့သည်။

ဆရာတစ်ယောက်ထွက်သွားပြီး မကြာပါ။
"ဒုန်း'' ဆိုပြီး အခန်းတံခါးကို ဆောင့်ကန်လိုက်သည့်သူက တစ်ဖက်အခန်းက ဂျောင်ဟွန်းဂျယ် ဆိုသည့်တစ်ယောက်။

ဘတ်ဟျွန်းရှေ့ကို ရောက်လာသည်။
ပါးတစ်ဖက်က ရောင်နေပြီး နှဖူးက နည်းနည်းညိုနေသည်။

"မနေ့ကမင်းလား! ဟမ်''

ဒေါသထွက်နေတဲ့ အသံကကြောက်ဖို့ကောင်းပေမယ့် ဘတ်ဟျွန်း မကြောက်မိ။

"ဘာတွေလာပြောနေတာလဲ ငါမင်းကိုလည်း မသိဘူး''

"ဘီပန်ကိတ်ဆိုင်ကို ငါလျော်ကြေးပြန်တောင်းတာ
အဲတာမကျေနပ်လို့ လာထိုးကြတာလေ! မင်းမလားလို့!''

Limited Edition✨ (completed)Where stories live. Discover now