Fourteen

2.4K 347 14
                                    

Unicode

~ဒီဆံနွယ်လေးကငါပိုင်တာ~

~ဒီနားရွက်လေးကလည်း ငါ့ဟာ~

~အင်း! ဒီနှုတ်ခမ်းရဲရဲလေးကလည်းငါ့အပိုင်ပဲ~

တစ်ကယ်တော့ချန်းယောလ်သူ့ရင်ခွင်ထဲက
မျက်မှန်‌လေးနှင့် စာဖတ်နေသော လုံးတစ်လေးကိုအူယားလွန်းလို့လိုက်ကလိနေခြင်းဖြစ်သည်။
ကျောင်းလစ်ပြီးတူတူချိန်းတွေ့သည့်အချိန်လေးမှာ
စာအုပ်နှင့်မျက်နှာမခွာသောကောင်လေးကို လုံးဝအပြစ်မဆိုရက်။

"ချန်းရင်ခွင်ကိုမှီပြီး စာကျက်ရတာဇိမ်ကျပါတယ်'' လို့ တီတီတာတာလေးလာပြောထားတော့ ချန်းယောလ်ရဲ့ရင်ဘတ်တစ်ခုလုံး ရက်ရက်ရောရောဖွင့်ထားပြီးသား...။

သူ့‌ကောင်လေးက ဒီတိုင်းထိုင်နေတာကအစချစ်ဖို့ကောင်းလွန်းနေသည်။ ချွဲများချွဲလိုက်တဲ့အချိန်ဆို ချန်းယောလ်ဘာမှမငြင်းဆန်နိုင်တော့ပါ။
‌ဘတ်ဟျွန်းနှင့်ပတ်သက်ရင် ဆံစမှ ခြေသဲခွံအဆုံး မြတ်နိုးဖွယ်အတိဖြစ်သည်။

~အင်း..ဒီလည်ပင်းလေးကလည်း...ပြွတ်စ်~

"ဟော...ချန်း​ရေ ဘယ်လိုဖြစ်နေတာလဲဆို"

"sorry sorry ဘေဘီလုပ်စရာရှိတာဆက်လုပ်
ကိုယ့်ကိုအာရုံမထားနဲ့"

ကိုယ့်ကိုအာရုံမထားနဲ့ဆိုတဲ့ချန်းယောလ်သည်
ဘတ်ဟျွန်းကို အလွတ်ပေးလားဆိုတော့မဟုတ်ပါ။
သူ့လက်ညိုးအရှည်ကြီးတွေသည် ဘတ်ဟျွန်းပါးကိုလာလာပွတ်သပ်နေသေးသည်။

ဆံပင်ကိုင်လိုက် နားကိုင်လိုက်လုပ်နေတာကြောင့်
ဘတ်ဟျွန်း စာထဲအာရုံမရောက်တော့။
အဆိုးအပေက လည်ပင်းပါလာနမ်းတော့ သည်းမခံနိုင်တော့ပဲ အသံပါထွက်မိသွားသည်။

"ချန်းတော်တော့ဆို"

"ဘေဘီကလည်းကွာ ဒီလောက်ချစ်ဖို့ကောင်းနေတော့
ကိုယ်ကသည်းခံနိုင်ဦးမလား အိုက်ဂူး!!"

နောက်ကနေ သိုင်းဖက်ကာ ဘတ်ဟျွန်းကိုသူ့နှင့် နီးသည်ထက်နီးအောင်ချန်းယောလ် ပိုဆွဲကပ်လိုက်သည်။

ပုခုံးပေါ်ခေါင်းတင်ကာ ပြောသမျှက ချွဲပြစ်ပြစ်အသံဖြစ်နေပုံအရ နှုတ်ခမ်းထော်ပြီး ကလေးလိုလုပ်နေတာဖြစ်မှာ...။
ဘတ်ဟျွန်းနောက်လှည့်မကြည့်လည်းသိသည်။

Limited Edition✨ (completed)Where stories live. Discover now