Ten

2.9K 404 29
                                    

Unicode

"ဘတ်ဟျွန်း! သေချာကိုင်ထား''

အကောင်းစားစက်ဘီးပေါ်မှာ လိုက်စီးနေရတဲ့ ခံစားချက်က တစ်မျိုးပါပဲ။
ချိုင့်ခွက်တွေကိုပင်သတိမထားမိတဲ့အထိ စီးရတာ အဆင်ပြေသည်။

ဒီစက်ဘီးဟာ ဘတ်ဟျွန်းကိုအိမ်ပြန်လိုက်ပို့ဖို့ မနက်ကမှ လောလောလတ်လတ်ဝယ်ထားတာကိုတော့ ဘတ်ဟျွန်းလုံးဝမသိတာအမှန်။

ဆိုင်ကယ်နဲ့လိုက်ပို့ဖို့ကလည်း ဘတ်ဟျွန်းက ဆိုင်ကယ်စီးရတာကို သဘောမကျပြန်တာမို့
အဲလိုနဲ့ပဲ ချန်းယောလ်ဟာ ဝမ်သိန်းနှစ်ဆယ်တန် စက်ဘီးကို အော်ဒါမှာလိုက်တော့သည်။

ပျော်နေပုံရတဲ့ ဘတ်ဟျွန်းကြောင့် ချန်းယောလ်လည်း အလိုလိုပြုံးမိနေတာပါပဲ။

...

...

...

လတ်ဆတ်တဲ့လေအေးအေးက အိမ်ပြန်လမ်းဘက်ကနေ တိုက်ခတ်လာတော့ ချန်းယောလ်ရဲ့ ကိုယ်သင်းနံ့ဟာ ဘတ်ဟျွန်းမျက်နှာနား တဝဲလည်လည်....။

ဘတ်ဟျွန်းသဘောတကျပြုံးမိရင်း ခိုးနမ်းမိသည်။
ရက်တွေကိုနောက်ပြန်စဉ်းစားကြည့်လိုက်တော့ ဒီလူသားကို ဘတ်ဟျွန်းလက်လွှတ်ဖို့ အကြောင်းပြချက် တစ်ချက်တလေမျှပင် ရှာမတွေ့ခဲ့ဘူးပဲ။

ဘတ်ဟျွန်းအတွက်အများကြီးပြောင်းလဲလာပေးလို့ ကျေးဇူးလည်းတင်ရသလို အရမ်းလည်းဝမ်းသာရသည်။
လူတွေအများကြီးကြားထဲမှာ ဘတ်ဟျွန်းကိုမှ အခွင့်ရေးပေးတဲ့သူ့ကို ဘတ်ဟျွန်းက ဘာလို့မရွေးချယ်နိုင်ရမှာလဲ။

"ချန်းယောလ်ရား!''

"အင်း ဘတ်ဟျွန်း''

ဆုံးဖြတ်ချက်ကိုချပြီးရင်းချရင်း ခေါ်လိုက်ပေမယ့် တကယ်တမ်းကျတော့ ကြောက်နေပြန်သည်။
ဟင့်အင်း ကြောက်တာတော့မဟုတ်ဘူး။
ရင်ခုန်နေတာ...။

ချန်းယောလ်ရဲ့ခါးကို ဘတ်ဟျွန်းတင်းတင်းကြပ်ကြပ်ဖက်လိုက်သည်။
ချန်းယောလ်ခန္ဓာကိုယ်လေးက မတ်ခနဲ။

ခါးပေါ်ကို လက်သေးသေးလေးနဲ့ လာထိနေတဲ့အတွက် စက်ဘီးနင်းစရာ အားတွေပင် ချန်းယောလ်မှာမရှိတော့...။

Limited Edition✨ (completed)Where stories live. Discover now