Twelve

2.8K 385 24
                                    

Unicode

"ဟပ်ချိုး!''

ဖုန်းချပြီးမှနှာချေမလို့ကို အဆင်မပြေလိုက်။
သေချာလေးဒိတ်လုပ်ပါမယ်ဆိုတဲ့နေ့မှ မိုးကရွာသည်လေ...။
လွတ်အောင်တော့ပြေးကြတာပဲ။
ဒါပေမယ့် တဖြည်းဖြည်းပိုသည်းလာတဲ့မိုးကြောင့် လမ်းတစ်ဝက်မှာတင် နှစ်ယောက်သား မိုးမိခဲ့ရသည်။

"ဟာ ကိုယ်အခုပဲလာခဲ့မယ်ဘေဘီ''

ဘတ်ဟျွန်းနှာချေလိုက်တာနဲ့ တစ်ဖက်က ချန်းယောလ်ရဲ့ ပြာပြာသလဲအသံသာမက ဆိုင်ကယ်သော့ထယူသံပါကြားလိုက်ရသည်။

"နေဦး ချန်း!''

နည်းနည်းလေးနှာချေမိတာကို ချက်ချင်းထလာဖို့လုပ်နေတာ။
သူကမိုးမမိတဲ့အတိုင်းပဲ။
ပြီးတော့ ခေါင်းခြောက်မှာမဟုတ်သေးဘူးလေ။
လာလို့ဖြစ်မလား။

"ဆိုင်ကယ်စီးလာရင် လေတိုးမှာပေါ့အဆိုးအပေရဲ့...။
ပြန်ထိုင် ပြန်ထိုင်''

"ဒါပေမယ့်ဘေဘီက...''

"ချန်းနော်''

တစ်ခွန်းဆိုတစ်ခွန်းပါပဲ။
ဘတ်ဟျွန်းရဲ့ကြောင်ဆိုးလေးက ဘတ်ဟျွန်းနဲ့ဆို အရမ်းလိမ္မာသည်။

အခုလည်း ''ချန်းနော်''ဆိုတာလေးကြောင့် ခေါင်းခြောက်အောင်မသုတ်ဘဲ ပြုံးစိစိနဲ့ထိုင်နေမှာမြင်ယောင်သေးသည်။

မိုးရွာထဲမှာ ဘတ်ဟျွန်းကိုမိုးမစိုအောင်သေချာလေးရင်ခွင်ထဲထည့်ထားခဲ့တဲ့သူ့ကိုချစ်လွန်းလို့ သူ့လည်ပင်းကို အသာနမ်းကာ နာမည်လေးကိုပြောင်းခေါ်ခဲ့သည်။

"ချန်း'' ဆိုပြီး...။

ထိုနာမ်စားလေးထဲမှာ ဘတ်ဟျွန်းကမ္ဘာကြီး တည်ရှိတော့တာပဲ။

"ဆံပင်တွေရေခြောက်သွားရင် ကော်ဖီပူပူလေးဖျော်သောက်လိုက်နော်
ပြီးမှ ဖုန်းပြန်ဆက်တော့!''

"ဘေဘီပြောတာအကုန်ဖြစ်စေရမယ်''

"ဟီးဟီး''

ဖုန်းချလိုက်တဲ့အချိန်မှာ ဘတ်ဟျွန်းဆံပင်တွေရေခြောက်နေပြီ။
ဆေးမထည့်ပဲကောက်လာတဲ့ချန်းယောလ်ရဲ့ဆံပင်ကတော့ မိုးရွာလိုက်တဲ့အချိန်မှာ အချောင်းလိုက်တွေပြန်ဖြစ်သွားခဲ့သည်။

Limited Edition✨ (completed)Onde as histórias ganham vida. Descobre agora