Sixteen

2.2K 349 21
                                    

Unicode

"မာမီက ဘယ်နိုင်ငံမှာလဲ''

ချန်းယောလ် အလိုမကျမှုအနည်းငယ်စွက်နေသောအသံဖြင့် ဖခင်ဖြစ်သူကိုမေးလိုက်သည်။

ဖုန်းလေးတစ်ချက်ပင်ဆက်မလာသောမာမီကို ချန်းယောလ် စိတ်ဆိုးနေရသည်။
မာမီသာသာအတူလိုက်လာခဲ့ရင် ချန်းယောလ်ဆီမှာနေမည်မဟုတ်။
မာမီက ချန်းယောလ်စိတ်ရှုပ်မှာကို မကြိုက်တဲ့သူပင်။

"အရင်တစ်ပတ်ကတော့ ဗီယက်နမ်မှာလို့ပြောတယ်
အခုလောက်ဆို စင်္ကာပူမှာထင်တယ်
အာရှဘက်ကို ဘာဓာတ်ကျနေလဲမသိပါဘူး''

ပတ်လူကြီးမင်းဟာ သားဖြစ်သူကိုတင် အလျှော့ပေးရတာမဟုတ်။
အိမ်သူသက်ထားကိုလည်း လက်မြှောက်ထားရသည်။

ဈေးဝယ်ဝါသနာပါတဲ့ မာမီက Black Cardနှစ်ကဒ်နဲ့ ဈေးဝယ်ထွက်နေလေသည်။

"ကုန်မှပြန်လာတော့မယ်''ဆိုပြီးအကြောင်းကြားထားတာမို့
မြန်မြန်ကုန်ဖို့ပဲ ဆုတောင်းရတော့မည်။

"အိမ်သပ်သပ်နဲ့နေဖို့ မဆုံးဖြတ်ထားဘူးလား''

ချန်းယောလ်အသံကအောင့်သက်သက်...။

"အခုစိတ်ကြည်နေတယ်ထင်လား''

အမေးကိုအမေးနဲ့တုံ့ပြန်တာကို ချန်းယောလ်မကြိုက်ဆုံးဖြစ်သည်။
ချန်းယောလ်စကားစဖို့ကြံရုံရှိသေး ပတ်လူကြီးမင်းက ထပ်ပြောသည်။

"ငါနဲ့မနေချင်ရင် မင်းအဖွားအိမ်သွားနေ!''

ကွန်ပြူတာတစ်လုံးနဲ့အလုပ်ရှုပ်နေရင်း ချန်းယောလ်ဘက်ကိုလှည့်ပြီး ပြုံးစစနဲ့ပြောတော့ ချန်းယောလ်ပါးစပ်အမြန်ပိတ်လိုက်ရသည်။

ဖွားတို့အိမ်တော့ လုံးဝ လုံးဝအင်ဖနတီကို မဖြစ်ဘူး။

ချည်ကွက်အင်္ကျီနဲ့ ခမောက်ဆောင်းထားတဲ့ ကိုယ့်ပုံစံကို စိတ်ကူးမိတော့ ခေါင်းတွင်တွင်ခါမိသည်။
လိမ္မာယဉ်ကျေးတောသားမြေးလေး မလုပ်နိုင်သေးပါ။

ဒယ်ဒီနဲ့မှ ဘုနဲ့ဘောက်ပြောလို့ရသည်။
ဖွားအိမ်မှာ ကန့်လန့်တစ်ခါတိုက်ကြည့် ချန်းယောလ်ကို ကတုံးဆွဲတုံးတော့တာပင်။

Limited Edition✨ (completed)Where stories live. Discover now