Eighteen

2.1K 331 37
                                    

Unicode

ညဘက်တွေ ချန်းယောလ်အိမ်မှာ စာစုကျက်ဖြစ်ကြသည်။
အိမ်အကျယ်ကြီးဆိုတော့ လွတ်လပ်တာလည်းပါမည်။

ဂျုံအင်နဲ့ ဆယ်ဟွန်းနဲ့က ရန်သတ်ပြီးလို့ အိပ်ပျော်နေလေပြီ။
Idolတစ်ယောက်ဖြစ်ဖို့ဝါသနာပါတဲ့ ဂျုံအင်က အနုပညာမေဂျာကိုသာယူမှာမလို့ စာသိပ်မကြိုးစားလည်းအဆင်ပြေသည်။

ဆယ်ဟွန်းကတော့ အကြောင်းပြချက်မရှိအိပ်နေတာဖြစ်သည်။
ချန်းယောလ်မှာသာ အိပ်ငိုက်လို့လည်းမရ...။

"ဒါပြီး တော်ရအောင်လေ ဘေဘီ!''

အိပ်ပျော်နေတဲ့နှစ်ယောက်နိုးမှာစိုးလို့ ခပ်တိုးတိုးပြောတော့ ''မဖြစ်ဘူး'' ဆိုပြီး လေသံတိုးတိုးနှင့်ဖြေသည်။

ချန်းယောလ်မျက်လုံးတွေတော်တော်စင်းနေပြီဖြစ်သည်။

"ဖြေနေကျအတိုင်း ဘေဘီ့နာမည်ကိုပေါင်းပြီး တစ်ပဲဖြေလိုက်ရင်ရတာကို''

"ပတ် ချန်း ယောလ်!''

"အား အား''

ဆတ်ခနဲ နားကိုလာလိမ်ဆွဲတာကြောင့် အသံမထွက်အောင်ကြိတ်အော်နေရသည်။
နားအရမ်းလျင်တဲ့ဘေဘီဟာ လက်သံပြောင်လိုက်တာလည်းလွန်ပါရော။

"ချန်းခေါ် ပတ်ချန်း!''

"ဗြောင်ချန်းပါဆို''

"ကျစ် အကောင်းပြောမလို့ဆိုနေ''

မျက်ထောင့်နီကြီးနဲ့ကြည့်လာတဲ့သူကို ငြိမ်ငြိမ်လေးဘာမှပြန်မပြောဘဲနေလိုက်သည်။
မျက်လုံးလေးကလည်ကလည်လည်း လုပ်ရသေးတာပင်။
ချစ်ဖို့ကောင်းတယ်ဆိုပြီး စာသင်တာရပ်ပေးလိမ့်မလား မျှော်လင့်ချက်လေးနဲ့။

"ချန်းခေါ် ပတ်ချန်း''

"ဟုတ်''

ချန်းယောလ်အသံက ပီပီပြင်ပြင်ပင်ထွက်မလာတော့...။
အိပ်ငိုက်လို့အာတွေပါလေးနေပြီ။

"နောက်ဆုံးစာမေးပွဲမှာ ပေါက်ကရတွေလုပ်လာလို့ မတော်တဆ တစ်ခုခုလွဲချော်ခဲ့လျှင်...''

"ခွိ!''

ချန်းယောလ်ရယ်သံက ခပ်ကျယ်ကျယ်ထွက်ပေါ်လာသည်။
စာသံပေသံနဲ့ပြောနေတဲ့ ဘတ်ဟျွန်းက နှုတ်ခမ်းထော်ထော်လေးနဲ့အသဲယားဖို့ကောင်းသလို မျက်မှန်လေးတပ်ထားတော့ ပိုပြီးချစ်ဖို့ကောင်းနေ၍ပင်။

Limited Edition✨ (completed)Where stories live. Discover now