Unicode
ချန်းယောလ် သူ့ဘေဘီလေးကြောင့်လေဆိပ်ကိုရောက်နေခြင်းဖြစ်သည်။
ဘေဘီက သူ့ကိုသားလိမ္မာလေးသိပ်ဖြစ်စေချင်နေပုံ။အခုလိုဘေဘီ့စကားနားထောင်တာလည်း ကြောက်လို့မဟုတ်...။
စိတ်ချမ်းသာစေချင်လို့...။
ချန်းယောလ်အဲ့လောက်တောင်ချစ်တတ်နေပြီဆိုတာ ကိုယ့်ကိုယ်ကိုယ်ပင်အံ့သြရသည်။
Luggageကိုလက်မှာဆွဲပြီးလမ်းလျှောက်လာသည့် ဒယ်ဒီ့ကိုချန်းယောလ်လှမ်းမြင်နေပြီ။
ကနေဒါ အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ဆိုးလ်လေဆိပ်အထိ ဆယ့်သုံးနာရီခန့်ကြာသည်။
ချန်းယောလ်အဖေက ချန်းယောလ်တားတာကိုပင်မရ။
မနက်စောစော flightနဲ့ထွက်ချလာတာဖြစ်သည်။"မင်းလာမကြိုဘူးမှတ်နေတာ"
ချန်းယောလ်တို့ သားအဖသည်
အဲ့လိုပဲ စတွေ့ကတည်းကမတည့်။
ဘယ်တော့မှလည်း စကားလမ်းကြောင်းအဆင်မပြေပါ။"အစကတော့လာမကြိုပဲနေမလို့!
ကောင်လေးကအတင်းကြိုခိုင်းနေလို့လေ""မင်း...!"
ချန်ယောလ်အဖေမျက်နှာက သိသိသာသာတင်းမာသွားသည်။
"ဒါနဲ့ ဘာလို့ပြန်လာတာလဲ"
"ရှင်းစရာလေးတွေရှိလို့"
ချန်းယောလ်အဖေက သူ့ Luggageကိုဆွဲကာ
ချက်ချင်းကားပေါ်တက်သွားတာမို့
ချန်းယောလ်လည်းဘာမှထွေထွေထူးထူးမေးမနေတော့။___________________
~ဘေဘီ...~
~ကိုယ့်ကိုလှည့် ကြည့်ဦးကွာ...~
~မျက်နှာလေး တွေ့ချင်တယ်...~
~အရမ်းလွမ်းတယ်...~
ဘတ်ဟျွန်း တဂွမ်ဂွမ်မြည်နေသောဖုန်းကြောင့်
အတန်းသားများကိုအားနာနာဖြင့်သာပြုံးပြလိုက်ရသည်။
ကျောင်းတွင်အရေးကြီး ပုဂ္ဂိုလ်လာသည်ဆိုသောကြောင့် ဆရာဂျွန်မြောင်ကမရှိ။အကုန်လုံးတိတ်ဆိတ်နေရာမှ အတန်းခေါင်းဆောင်ဖြစ်သည့်
ကိုယ်ကသာဆူညံမိသလိုဖြစ်သောကြောင့် မျက်နှာတွေ ပူချင်လာပြီဖြစ်သည်။
YOU ARE READING
Limited Edition✨ (completed)
Fanfiction𝖭𝗈 𝖣𝗋𝖺𝗆𝖺 𝖹𝗈𝗇𝖾 ⋆♡︎˚ 𝗋𝖾𝖼𝗈𝗆𝗆𝖾𝗇𝖽𝖾𝖽 𝗌𝗈𝗇𝗀 - 𝖲𝖲𝖥𝖶 𝖻𝗒 𝖢𝗁𝖺𝗇𝗒𝖾𝗈𝗅