Five

2.9K 419 19
                                    

Unicode

ညတုန်းကနိုးစက်ပေးဖို့မေ့ခဲ့တဲ့အကျိုးဆက်ဟာ ဒီနေ့မနက်အိပ်ယာထနောက်ကျခြင်းဖြစ်သည်။
ဆိုတော့...! စိမ်ပြေနပြေ ဖုန်းကြည့်ချိန်လည်းမရခဲ့။
အဓိက က

''ဘတ်ဟျွန်း! group ထဲဝင်ကြည့်
ကွိုင် ကွိုင် ''

ဆိုတဲ့ အမောင်ဂျုံအင်ရဲ့ စာကိုမမြင်မိခဲ့တာပဲ။

ကျောင်းနောက်ကျလျှင်
တုတ်တစ်‌ချောင်းနှင့်ကျောင်းပေါက်ဝမှာစောင့်နေတတ်တဲ့ ကာယဆရာမျက်နှာကိုပြေးမြင်ပီး ချော်မလဲယုံတမယ်ပြေးလွားနေရသည်။

အခြား‌ကျောင်းသူ၊ ကျောင်းသားတွေအခုမှလာနေကြတာကြောင့်တော်သေးသည်။
ဘတ်ဟျွန်းသာကျောင်းနောက်ကျရင် အတန်းခေါင်းဆောင်ကထိုင်ထလုပ်ရပါတယ်ဆိုပြီးအရှက်ကွဲဦးမှာဖြစ်သည်။

ဘတ်ဟျွန်းလာရာလမ်းတစ်လျှောက်လုံးမှာတွေ့သမျှသူတိုင်းက လှည့်ကြည့်လှည့်ကြည့်နှင့်လုပ်နေကြသည်။
အခန်းထဲ၀င်တော့လည်း အကုန်လုံးပြုံးစိစိနဲ့...။
ကျောင်းအုပ်တူမဆို ဟီးခနဲပင်လာဖြီးပြနေသေးသည်။
တစ်ကျောင်းလုံးဘာဖြစ်နေကြလဲ။

အားကိုးရမလားလို့ ကင်မ်ဂျုံအင် ကိုကြည့်လိုက်တော့လဲ ဒင်းကဘတ်ဟျွန်းကိုအရေးပင်မစိုက်ပါ။
စတိုင်ကြီးတစ်ခွဲသားနှင့် မှန်ခိုးကြည့်နေသည်။

မိန်းကလေးတွေရဲ့အာရုံစိုက်မှုကို နေ့တိုင်းခံနေရတာကို သူတော်တော်သဘောကျပုံရသည်။
စာကျမကျက်ဘူး ငနဲ...။

၀တုတ်ကောင်မင်ဂီကတော့ ဘတ်ဟျွန်းကိုမြင်ကတည်းက ပါးစပ်တပြင်ပြင်နဲ့တစ်ခုခုပြောစရာရှိသလိုဖြစ်နေတာမို့
ထိုင်မယ့်ခုံကိုဆွဲယူပြီး မင်ဂီအနားကို ချလိုက်သည်။
ထိုင်ပြီးမှ အံကြိတ်မေးလိုက်သည်။

"ဘာဖြစ်နေကြတာလဲ"

"အတန်းခေါင်းဆောင်မသိသေးဘူးလား"

မင်ဂီ့ပုံစံက ပြုံးစိစိနဲ့ အပိုးမကျိုးပါ။

"ငါကဘာကိုသိရမှာလဲ"

ဘတ်ဟျွန်းပြောလိုက်မှ မင်ဂီကသူ့လက်ထဲကဖုန်းကြီး ထိုးပေးလာသည်။

Limited Edition✨ (completed)Where stories live. Discover now