Unicode
သင်တန်းတက်ဖို့ရှိတဲ့မီနာက နောက်သွားမယ့်ခရီးတွေမလိုက်နိုင်တော့ပေ...။
ချန်းယောလ်တို့နှစ်ယောက် မီနာကိုပြန်လိုက်ပို့ပေးဖြစ်သည်။
မီနာကိုယ်တိုင်က ဆိုးလ်ကို လိုင်းကားနှင့်ပြန်နှင့်မည်ဟုပြောသော်လည်း ဆယ်ဟွန်းနဲ့ဂျုံအင်က ဘာရောဂါထဖောက်သည်မသိ။
"မင်းတို့လိုက်ပို့လိုက် ပြီးတော့ပြန်မလာကြနဲ့''
ဆိုပြီး အတင်းတွေနှင်လွှတ်တော့တာပင်။
ဒယ်ဂူမှာ ကြာကြာလေးနေကြဦးမှာမို့ ချန်းယောလ်တို့အတွဲကို အားနာသည်တဲ့လေ။ချန်းယောလ်ကလည်းထူးဆန်းနေသလို ဘတ်ဟျွန်းမှာမျက်လုံးလေးကလည်ကလည်နဲ့...။
အိုဆယ်ဟွန်းက ထားပါ...။
ဒယ်ဂူမှာ တစ်ညတောင်မအိပ်ချင်ဘူးဆိုပြီးပြောခဲ့တာဘယ်သူပါလိမ့်။ချန်းယောလ်အောင့်သက်သက်နဲ့မေးလိုက်တော့ ဂျုံအင်ကရယ်ကျဲကျဲနဲ့ သွားဖြဲပြသည်။
"မျက်နှာကိုက သောက်ရူး''
တစ်ချက်ဆဲပေးလိုက်တာကိုလည်း ပြုံးပြနေသေးသည်။
အလုပ်တွေရှုပ်အောင်လုပ်တဲ့ သောက်ကလေးနှစ်ကောင်။"နေကြ နေကြ ကြိုက်သလောက်နေကြ
ပြန်မယ့်နေ့မှာ ငါနဲ့ဘေဘီနဲ့လာမကြိုဘူးနော်
ကားဘီးဖက်ပြန်လာခဲ့ကြ''မကြည်ကြည့်နဲ့ကြည့်ပေးလိုက်သည်။
ဘေဘီကတော့ ထုံးစံအတိုင်းရယ်ပဲနေသည်။ဒါလည်းတစ်မျိုးကောင်းသွားသလိုပါပဲ။
ဘေဘီနဲ့နှစ်ယောက်တည်း ခရီးသွားလို့ရတာပေါ့။"ဂရုစိုက်မောင်းကြနော်''
သေချာလေးမှာကြားနေသည့် ဆရာနဲ့ဆရာ့အမေကို နှုတ်ဆက်လာခဲ့သည်။
"အိုဆယ်ဟွန်းက ဒါနော်ဆရာ!
ဆရာသတိထားရအောင်လို့ပါ''နားထင်ကို လက်ညှိုးနဲ့ နှေးဖွဖွလေးထောက်ပြပြီး ချန်းယောလ် ဆရာ့ကိုပြောလိုက်တော့
ဆရာက ''ဟုတ်လား''ဆိုပြီး ဆယ်ဟွန်းကိုလှည့်ကြည့်သည်။"ဟိတ်ကောင် ပတ်ချန်းယောလ်!!!!!
မင်းကမှကျပ်မပြည့်တာကွ မင်းကမှကျပ်မပြည့်တာသိလား''
YOU ARE READING
Limited Edition✨ (completed)
Fanfiction𝖭𝗈 𝖣𝗋𝖺𝗆𝖺 𝖹𝗈𝗇𝖾 ⋆♡︎˚ 𝗋𝖾𝖼𝗈𝗆𝗆𝖾𝗇𝖽𝖾𝖽 𝗌𝗈𝗇𝗀 - 𝖲𝖲𝖥𝖶 𝖻𝗒 𝖢𝗁𝖺𝗇𝗒𝖾𝗈𝗅