Twenty One

2.2K 309 15
                                    

Unicode

"ရော့''

အဖေဖြစ်သူလာပေးတဲ့ BMWကားသော့ကိုကြည့်ပြီး ချန်းယောလ်ပါးစပ်အဟောင်းသားဖြစ်ရသည်။
ထိုင်နေရင်းကပင် အံ့သြနေရသည်။

"ဒယ်! ဒီ!''

အကန့်အသတ်နဲ့ထုတ်တဲ့ကားကိုတော့ ရအောင်ဝယ်မပေးလောက်ဘူးထင်ထားခဲ့တာ။
ကျောင်းတက်ခါနီးဝယ်ပေးထားတဲ့ကား ရှိပေမယ့် နောက်ပိုင်းမောင်းခွင့်မပြုခဲ့ဘူးလေ။

သားဖြစ်သူကို စပရိုက်အကြီးကြီးတိုက်ချင်တဲ့....၊
တိုက်ဖြစ်အောင်လည်းတိုက်တဲ့ ဒယ်ဒီပါပင်...။

"အဟင်း! ကျောင်းပိတ်ရက် ခရီးထွက်ချင်မလားလို့''

မျက်နှာကိုတည့်တည့်ကြည့်မလာတဲ့ဒယ်ဒီက လက်ထဲကသော့ကို ချန်းယောလ်ရင်ဘတ်ပေါ်သို့လှမ်းပစ်သည်။

"မိုက်တယ်ဒယ်ဒီရာ အားလပ်ရက်အချိန်ဖြုန်းဖို့ကအစ ဒယ်ဒီအကုန်သိ!
ဒယ်ဒီအထက်တန်းတုန်းက ဇယားလေးတွေ တော်တော်များခဲ့တယ်ထင်တယ်''

ချန်းယောလ်ရွှတ်နောက်နောက်နဲ့ပြောလိုက်တော့ မျက်မှောင်ကြုတ်ပြီးဆတ်ခနဲပြန်ပြောသည်။

"မင်းမာမီတစ်ယောက်တည်းကိုပဲ တွဲခဲ့တာကွ''
တဲ့လေ။

လုံးဝမထင်ထားခဲ့တာကြီးဖြစ်သည်။
အခုအသက်အရွယ်ထိ ချောမောနေသေးသည့်ဒယ်ဒီက ငယ်ရွယ်တုန်းမှာ တစ်ယောက်တည်းကိုပဲတွဲခဲ့တာ တော်တော်အံ့သြစရာပင်။

ထိုတစ်ယောက်တည်းကိုပဲ လက်ထပ်ယူပြီး ဘာမဆိုအလိုလိုက်ထားတာကတော့ အားကျစရာ။

ချန်းယောလ်က ဒယ်ဒီ့သွေးအပြည့်ပါတာဖြစ်ရမည်။
ဘတ်ဟျွန်းမှ ဘတ်ဟျွန်းဖြစ်နေသည်လေ။

ချန်းယောလ်ခေါင်းတွေဆက်တိုက်ညိမ့်မိသည်။

"ယုံတယ်ဒယ်ဒီ ယုံတယ်''

"မပြောင်နဲ့ဟိတ်ကောင်''

အကောင်းပြောနေရင်မယုံတော့တဲ့ပတ်လူကြီးမင်းပါလေ။

"ဘာပဲဖြစ်ဖြစ် ဒယ်ဒီ့ကိုကျေးဇူးအများကြီးတင်ပါတယ်''

ချန်းယောလ်ပြုံးပြလိုက်တော့ ရယ်သည်။
နှစ်ယောက်လုံးမှာ ပါးချိုင့်ဆင်တူလေးတွေနှင့်ဖြစ်သည်။

Limited Edition✨ (completed)Where stories live. Discover now