Lullaby-2🚨

17.8K 398 11
                                    

(Uni)
"အေး...သွေးZလှိုင်း
မင်းမသေသေးဘူးလား"

"မင်းသေပြီထင်နေတာ
မဟူရာအသွေး"

"မင်းထက် ၆နှစ်ငယ်တဲ့ငါက အရင်သေစရာလား"

"သေဖို့အသက်ကိုစီမထားကြဘူး နားလည်သလား
Uncleရာ နေကောင်းလား"

"သူ့သွားမေးလေ ငါ့လာမေးနေ
ငါနဲ့ဖုန်းပြောရင်ငါ့အကြောင်းပဲမေး"

"အေး မသိချင်ဘူး ဒါပဲ"

"ဟျောင့် နေအုံး ငါတောင်းစရာရှိလို့မင်းဆီဆက်တာ"

"မင်းမွဲနေလို့လား
ဟမ်"

"Jadeကြီးငါ့ကိုပေးစမ်းပါ
ငါခုတလောအထီးကျန်သလိုခံစားနေရလို့"

"ငါ့သားနဲ့မင်းနဲ့တန်လို့လားစဉ်းစား
အသွေး....§လုပ် §ကိုင်မရှိရင်အာရုံလာမနောက်နဲ့
ဒါပဲ"

"ကိုကြီး....ကိုကြီးရာ
မင်းကွာ ငါဒါလေးတောင်းတာကို
မင်းလိုချင်တဲ့မြေကွက်ကျငါ့မှာပေးရပြီး"

"အကြီးလိုချင်တာကိုအငယ်ကပေးရမှာသဘာဝပဲ
ဒါပဲအသွေး ဖုန်းထပ်ဆက်ရင် Switch အထိလာပြီး
§ခွက်ဖြတ်ရိုက်မှာနော်"

"အေး မင်းJadeကိုငါအဆိပ်လာခတ်ပြီ §ကောင်
ဒါပဲ"

"ဘာ...ဘာပြောတယ် ဟျောင့် မဟူရာအသွေး
ဟျောင့်...."
ပြောချင်ရာပြောပြီးဖုန်းချသွားလေသည့် ညီလေးကြောင့် Zတစ်ယောက်ဒေါသူပုန်ထနေခဲ့ရလေသည်
အဖေ့ဘက်မှဝမ်းကွဲညီလေးဖြစ်သလို မိဘတွေမရှိကြတော့ကတည်းက ဘဝတူညီအစ်ကိုတတွေဦးလေးထိန်းချုပ်မှုအောက်မှာကြီးပြင်းလာရ၍ သံယောဇဉ်ကမွေးချင်းသားရင်းနှယ်
အသွေးဆီမှဖုန်းချပြီး၍ မကြာသေး Jayထံမှဖုန်းထပ်ဝင်လာ၍ကြားရသည့်သတင်းက ပိုဒေါထစဖွယ်ပင်...
!မြတ်စေသောတာ...ငါ့ကို§ကြောလာတင်းနေပ့လား!

သောတာအကြောင်းကြားလိုက်ပြီးနောက် သူ့အခန်းတွင်းဆိုက်မြိုက်စွာဝင်လာလေသည့် Jue

စိတ်ရှုပ်ဖွယ်အလုပ်ကိစ္စထက် သူ့အား တဖွဖွလာစကားပြောရန် တောင်းဆိုနေသည့် ညီမကြောင့် စိတ်ရှုပ်လာမိသည်
သူ့ကို ဟိုကလေးအကြောင်းချည်းလာပြောနေ၍ Z စိတ်ကတိုမိလေပြီ

Lullaby...(Let Me Be Yours)Where stories live. Discover now