Let Me Be Yours-16

866 25 7
                                    

(Uni)
Let me be yours-16

"ပြန်မယာရင် Miraက ညန်ကြည်ထပ်ပွားရော့မှာ"
ထိုစကားက အဖိုးဖြစ်သူကိုခြိမ်းခြောက်နေသောစကားပေတည်း
အဖိုးဖြစ်သူခရီးထွက်တာ တစ်ညတင်းတင်းမအိပ်ရသေး သူကလှမ်းပြီးဂျီပူတိုက်၍ ပြန်ခေါ်နေတော့တာပင်

နှုတ်ခမ်းကိုမဲ့ထားပြီး နဖူးပြင်ကိုလည်းတွန့်ထားသေး၏
အချိုးမပြေသောရုပ်ကလေးကိုဖမ်းထားတာတောင် ကိုယ်တွေ Miraကချစ်စဖွွယ်အတိ

"ပြန်လာမှာလေ ဖိုးဖိုး princessလေးကလည်း
နည်းနည်းစိတ်ရှည်ပါအုံး
တစ်ရက်နှစ်ရက်လောက်တော့ဖိုးဖိုးလည်းနေအုံးမယ်လေ
ခုမှရောက်ရတယ်လေ ဖိုးဖိုးမွာ"

"အခုကျန်ခဲ့ရော့
Mira....ဟွန့် ဟင့်...Mira ဖေဖေနဲ့တည့်ဘူး နေချင်ဘူး ဖေဖေ့ကိုခေါ်ချင်တော့ပါဘူး"

"အေးပါ...ဖိုးဖိုး princessလေးက
ဖိုးဖိုးသားလေး နဲ့မတည့်တာသိပါတယ်"

"ဖေဖေချူယို့ နှာလည်းချီးနေပေါ့
ဟင့် ရွှတ်"

"ဟော်...ဖေဖေဆူလို့နှာလည်းစေးကုန်ပြီလား"

နှာခေါင်းမှာပူစီဖောင်းထအောင်ပင်နှာစေးနေသော ငိုထားသည့်မျက်နှာရဲရဲနှင့်မြေးကြောင့် ရယ်စဖွယ်ဖြစ်နေရပြန်၏
သူက video callကလည်းခေါ်တတ်လှပြီဖြစ်၍ တတ်ကိုတတ်လွန်းလှသည်ဟုပြောရမည်
Teddyတို့အဲ့အရွယ် မျောက်ရှုံးအောင်ဆော့လို့ကောင်းတုန်းပင်
သား daddyက ဖုန်းပြောချင်ရင်တောင် ကစားနေတဲ့သားပေါက်စကိုလိုက်ရိုက်ပြနေရတာဖြစ်သော်လည်း အခု မြေးပေါက်စကသူ့ဘာသာတောင် ဖုန်းလာခေါ်တတ်နေသေး၍ ရယ်ချင်စဖွယ်

သူ့မှာအဖေနဲ့မတည့်လိုက် ငိုလိုက်
သူကအသာရနေမှတဟီးဟီးနဲ့ကျေနပ်နေတာကိုက ချစ်စဖွယ်မို့ သူအလိုကျအောင် သားနဲ့လည်းရန်ဖြစ်ပေးရသေး၏...သာယကိုဆူပေးငေါက်ပေးရပြန်၏

အဖေနဲ့မတည့်တာမွေးကတည်းကပင်
ဟိုကလည်းချစ်တော့စလိုက်နောက်လိုက်နှင့်မို့ ပွဲဆူသည့်သားအဖပင်
Zingကတော့သူ့ဘာသာလုပ်ချင်ရာလုပ်လိုက် Teddyနှင့်ကအဆင်ပြေသေးသည်

အဖေကိုအနိုင်လည်းကျင့်ချင် အကြောလည်းမခံချင်သည့် အိမ်၏အချစ်တော်က ထိုသို့ဇာတ်နာပြီးအတိုင်အတောကလည်းထူသေး၏

Lullaby...(Let Me Be Yours)Where stories live. Discover now