Let Me Be Yours-9

1.5K 61 14
                                    

(Uni)
"ကိုကို....ကိုကို့....ကိုကို...."
တရစပ်ခေါ်နေသောလဲ အရုပ်ကြိုးပြတ်ဖြစ်နေပြီဖြစ်သော လင်္ကာကြောင့် Teddyခေါင်းမီးတောက်သွားမိသည်
ဒါကဘယ်လိုအခြေအနေလဲဆိုတော့ ကိုကိုကအတင်းအဓမ္မကျင့်ခံရလို့ သတိလစ်သွားသလိုပုံစံဖြစ်နေတာပင်...

ငြင်းပယ်တာမျိုးတစ်ခါမှမလုပ်ပေမယ့် တဖြည်းဖြည်းနှင့် အားလုံးဝပြတ်သွားသည့်နှယ်မို့ Teddyဘယ်လောက်ခေါ်ခေါ်မလှုပ်တော့ပေ

"ကိုကို...ကိုကိုရေ သွားပါပြီ
ကိုကိုဘာဖြစ်သွားတာလဲ...ဟင့်...ပါပါး
ဟုတ်သေးပါဘူး အဲ့တာပါပါးကိုပြောလို့မဖြစ်ဘူး...ငါဘာလုပ်ရမှာလဲ ကိုကိုကခေါ်လို့မရတော့ဘူး"
လင်္ကာမျက်နှာတဝိုက်ကချွေးတွေကို အမြန်သုတ်ပေးလိုက်ပြီး အရင်သန့်ရှင်းရေးလုပ်ပြီးအဝတ်အစား ဝတ်ပေးဖို့လုပ်ရသည်...

စိတ်ဆန္ဒတွေများသွားလိုက်တာ ကိုကိုသတိလစ်မလိုဖြစ်သွားခါမှ အတောသတ်သွားသည့်မိမိဘာသာပါးတွေလှိမ့်ချချင်တော့သည်

ကိုကိုဘာမှမဖြစ်စေဖို့ ဆုတောင်းရတာကလည်းအခါခါပင်...
ကိုကို့ကိုဒီလိုကျူးလွန်မိလို့ ကိုကိုသာစိတ်ကုန်သွားရင် သတ်သာသေလိုက်တော့မည်လို့ သစ္စာဆိုလိုက်မိသည်

ကိုကို့ခန္ဓာကိုယ်လေးကို သန့်ရှင်းရေးလုပ်ပေးလေပြီး အဝတ်အစားအမြန်ဝတ်ပေး၍ အရင်ဆုံးပြေးထွက်လာမိသည်က ပါပါးအခန်းဆီကိုသာ...

"ပါပါး...ပါပါး...."

အခန်းတံခါးကိုအဆက်မပြတ်ထု၍အော်ခေါ်နေသော သားဖြစ်သူကြောင့် အသွေးအိပ်ယာမှထလိုက်မိသည်
အချိန်မတော်ကြီးဘာထဖြစ်တာရယ်မသိ...ကိုကြီးကတော့သူ့သားအော်နေတာတောင် မနိုးပါ

မိတ်ဆုံစားပွဲကနေ အနည်းငယ်သောက်လာလေတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာဖြစ်သည်
"ဘာတုန်း သားရဲ့"

"ပါပါး...သား....ဟို...."
ခါးမှာလည်းတဘတ်တစ်ထည်သာပတ်ထားလေပြီး ချွေးတစို်စို့နဲ့သားပုံစံကြောင့်ရယ်ချင်သွားသည်...
ဒီကောင်လေးဘာတွေဖြစ်လာတာဆိုတာ သိသာလွန်းနေသည်...

အလောတကြီးခေါ်ပြီးခါမှ တွန့်ဆုတ်နေဟန်သားပုံစံလေးကြောင့် အသွေးနားလည်မှုရှိသောမျက်နှာဖြင့်ပြုံးမိလေသည်

Lullaby...(Let Me Be Yours)Where stories live. Discover now